The 1% · Post #00011

the 1% ဖြစ်လာဖို့
အဆင်သင့်ဖြစ်ပြီလား?

by Haru · 1% Better Every Day

Student studying seriously with many exam papers on a desk
တစ်မှတ်ဆိုလည်း တစ်မှတ် ဘဝကို အဆုံးအဖြတ်ပေးနိုင်တယ်

G12 ရောက်ရင်
ဆရာ၊ ဆရာမတွေ ပြောကြပါလိမ့်မယ်
“တစ်မှတ်ဆိုလည်း တစ်မှတ်က အရေးကြီးတယ်”

“အမှတ် တစ်မှတ်လေးကပ်လွဲတာနဲ့
ကိုယ်လိုချင်တဲ့ လိုင်းမရဘဲ
Career လွဲသွားလိမ့်မယ်”ဆိုတော့
ကျွန်တော်တို့ ကြောက်ကြတာပေါ့

အဲ့ဒီတေ့ာ ကျွန်တော်တို့ Serious ထားကြတယ်
အမှတ်များများ ရရင် အခွင့်အလမ်းတွေ
များများရမယ်
အမှတ်နည်းရင် ရွေးချယ်ခွင့်တွေ
နည်းသွားမယ်ဆိုတော့
အမှတ်တွေနောက်ကို Chase ကြတယ် …

တစ်မှတ်ဆိုလည်း တစ်မှတ်
ကျွန်တော်တို့ ဘဝအတွက်
အများကြီး စကားပြောတာကိုးး


ဒါပေမဲ့
ကျွန်တော်ကြားဖူးတဲ့ Quote လေးရှိတယ်

“ပန်းတိုင်ရောက်ချင်လို့ပြေးတဲ့သူထက်
ပြေးရတာကို ကြိုက်လို့ ပြေးတဲ့သူက
ခရီးဝေးပိုရောက်လိမ့်မယ်” တဲ့ …


Newton က Gravity ကိုရှာတွေ့ခဲ့တာ
စာမေးပွဲမှာ ပါလာမယ့် ၅မှတ်တန်မို့လို့
Wright ညီနောင်တွေ လေယာဉ်ပျံတွေကိုရူးသွပ်ခဲ့တာက
exam အောင်လက်မှတ်ရဖို့
Darwin က evolution တွေနဲ့ပတ်သက်ပြီး
စူးစမ်းချင်စိတ်ဖြစ်ခဲ့တာက
Doctor တစ်ယောက်ဖြစ်ချင်လို့

လုပ်ခဲ့တာလို့တော့ ကျွန်တော် မထင်ဘူး


Scientist writing formulas and diagrams on a blackboard
သူတို့တွေကို ဘယ်သူကမှ တွန်းအားပေးမနေခဲ့ဘူး

ရေရှည်သင်ယူမှု တစ်ခုမှာ
exam အောင်ချင်တဲ့စိတ်တွေ၊
မိဘတွေရဲ့တွန်းအားတွေ၊
ဆရာဆရာမကို ကြောက်လို့ စာလုပ်ရတဲ့
Extrinsic motivation တွေထက်

ဘာသာရပ်တစ်ခုကို တကယ်ကြိုက်လို့
ဘယ်သူ့တွန်းအားဆန္ဒမှမပါဘဲလုပ်တဲ့
Intrinsic Motivation ဟာသာလွန်ကြောင်း

သက်သေပြထားတဲ့
သိပ္ပံစမ်းသပ်ချက်တွေလည်းအများကြီးရှိပါတယ်

အဲ့ဒီလိုတွေ ပြောနေလို့
အမှတ်တွေက အရေးမကြီးဘူး ဂရုစိုက်မနေနဲ့
စာသင်ရတာကိုပဲ
Fall in love အောင်လုပ်လို့
ပြောချင်တာမဟုတ်ပါဘူး …
အမှတ်တွေက သိပ်ကိုအရေးကြီးတာပေ့ါ


ဒါပေမဲ့
ကျွန်တော် ပြောပြချင်တာက
ကျွန်တော်လုပ်ပြချင်တာ
ကျွန်တော်ဆွဲခေါ်သွားပေးချင်တာက

အမှတ်တွေရဲ့ အရေးပါမှုရယ်
ဘာသာရပ်တစ်ခုရဲ့ တကယ့်အနှစ်သာရ ရယ်
အဲ့ဒီနှစ်ခုကြားက
ကမ္ဘာငယ်တစ်ခုဆီကို …..

စာသင်ရတာတွေဟာ ပျင်းဖို့ကောင်းမနေဘဲ
စိတ်ဝင်စားစရာ ကောင်းနေခဲ့ရင်ကော?
လောကကြီးရဲ့ Nature၊
Subject တွေရဲ့ သဘောတရားကို နားလည်ပြီး
ပညာရပ်တွေကို ချိတ်ဆက်နိုင်ခဲ့ရင်ကော?
အဲ့ဒီလိုနဲ့ စာလုပ်ရတာကို တဖြည်းဖြည်းနဲ့
Fall in love လာပြီး
တစ်ခါတည်းနဲ့ Exam အတွက်
အမှတ်တွေတက်လာအောင်ပါ
တစ်ချက်ခုတ် သုံးချက်ပြတ်
လေ့ကျင့်ပြီးသား ဖြစ်သွားရင်ကော?

အဲ့ဒါကြောင့် ကျွန်တော် The 1% ကို
စတင် တည်ထောင်ခဲ့ပါတယ်

The 1% ဆိုတာက ထိပ်ဆုံး1% ကို
ပြောချင်တာမဟုတ်ဘူး

99% သောသူတွေနဲ့
အယူအဆမတူ၊ ရှုထောင့်မတူ၊ ခံယူချက်မတူတဲ့

the 1% ကိုပြောချင်တာပါ
Paper plane moving in a different direction with text Be The Difference
We’re not better - we’re just different

The 1%မှာ
ကလေးတွေဘာသာရပ်တစ်ခုကို
တကယ်နားလည်ပြီး
စာလုပ်ရတာ ကြိုက်လာအောင်

Storytelling တွေ Visual တွေ
Life insights တွေနဲ့ ဆွဲခေါ်သွားမယ်
ဒါဆို ကလေးတွေက စာလုပ်ရတာကို
တဖြည်းဖြည်းနဲ့ကြိုက်လာလိမ့်မယ်

တစ်ဖက်မှာလည်း meta learning လို့ခေါ်တဲ့
“သိပ္ပံနည်းကျ စာလေ့လာနည်း”တွေကိုသုံးပြီး
ကလေးတွေကို စာမေးပွဲမှာ
အမှတ် အများဆုံးထိရအောင်
လေ့ကျင့်သင်ကြားပေးမယ်

ဒါဆို ကလေးတွေဟာ
ကိုယ်လိုချင်တဲ့ အိပ်မက်ကို အရယူနိုင်ပြီး
တစ်ဖက်မှာလဲ
စာလုပ်ရတာရဲ့ တကယ့် အဓိပ္ပာယ်
အနှစ်သာရကို ပြန်ရှာတွေ့သွားလိမ့်မယ်

ဒီစာပဲ ဆိုပေမဲ့
မတူညီတဲ့ သင်ယူမှုအတွေ့အကြုံတစ်ခုကိုပေးမယ်
မတူညီတဲ့ ရှုထောင့်တစ်ခုကနေ တွေးခေါ်ကြပြီး
ကိုယ်လိုချင်တဲ့ Goal တွေကို အရယူသွားကြမယ်

ဆိုတော့ the 1% ဖြစ်လာဖို့
အဆင်သင့်ဖြစ်ပြီလား?

Haru
1% Better Every Day