ပုရွက်ဆိတ်က
သူအပင်အပန်းခံ ကြိုးစားခဲ့တာကို
နောင်တရပြီး ...
နှံကောင်ကတော့ ဘဝကို ပျော်ပျော်ကြီးနေသွားတယ်
ကျနော် မကြာသေးခင်က
ပုရွက်ဆိတ်နဲ့ နှံကောင်ပုံပြင်ကို
ပြောင်းပြန်ရေးထားတဲ့
Version ကိုဖတ်လိုက်ရတယ်။
ပုရွက်ဆိတ်က
သူအပင်အပန်းခံ ကြိုးစားခဲ့တာကို
နောင်တရပြီး
နှံကောင်ကြတော့ ဘဝကို
ပျော်ပျော်ကြီးနေသွားတယ်ဆိုပြီး
ရေးထားတယ်။
သူက “ဂျော့” နဲ့ “တွမ်”ဆိုတဲ့
ညီအစ်ကိုနှစ်ယောက်အကြောင်းကို
ရေးထားတာ။
.
.
.
တွမ်က ပုံပြင်ထဲနှံကောင်လို့ပြောလို့ရတယ်။
တွမ်ပြောတာက “ပိုက်ဆံကို လိုတဲ့အခါကျမှ
လိုသလောက်လေး သုံးရတာ
စိတ်ပျက်ဖို့ကောင်းတယ်တဲ့။ “
တွမ်က သုံးလိုက်ရင်လည်း ဇိမ်ခံပစ္စည်းတွေ၊
ဝတ်ကောင်းစားလှတွေ၊ အစားအသောက်တွေ
ဆိုရင်လည်း စျေးကြီးလှတာတွေဆိုမှ။
မိန်းမကလည်း ရှုပ်သေး၊
မိန်းမလှလေးတွေ တစ်ယောက်ပြီး
တစ်ယောက်ထည်လဲ တွဲတာ။
အသက်က ၄၆သာပြောတယ်။
၃၅ကြနေတာပဲ …
အဲ့လိုသုံးနေလို့
တွမ်က ပိုက်ဆံချမ်းသာလို့သားဆိုတော့
မဟုတ်ဘူး။
သူဟာ ပိုက်ဆံကို ချေးပြီးသုံးတာ။
.
.
.
သူမချေးဖူးတဲ့လူဆိုလို့
မရှိသလောက်ပဲ။
တွမ်က အရမ်းပျော်ပျော်နေတတ်တော့
အပေါင်းအသင်းများတယ်။
အဲ့ဒီတော့တစ်ယောက်မဟုတ်တစ်ယောက်ဆီ
ပတ်ချေးနေတာပဲ။
ဒုက္ခရောက် ပိုက်ဆံပြတ်လို့
ပိုက်ဆံတွေချေးပြီး
ပြန်လိမ်လိမ်မာမာနေမှာလားဆိုတော့
ဟင့်အင်း ဆိုးမြဲဆိုး၊ မိုက်မြဲမိုက်ဆဲပဲ။
အများဆုံးချေးတာကတော့
ရှေ့နေဖြစ်တဲ့
သူ့အစ်ကို “ဂျော့”ဆီကပါ။
တွမ် ဘယ်လောက်ထိ
ဘယ်လောက်ထိ ဆိုးလည်းဆိုရင် …
.
.
.
တစ်ခါ တွမ်က “ကရွန်ရှော”ဆိုတဲ့
လူကို လိမ်လိုက်တယ်။
ကရွှန်ရှောက တရားစွဲပါလေရော။
အကိုဖြစ်သူက ကိုယ့်ညီထောင်ကြတာ
မကြည့်ရက်တော့ လူပင်ပန်းခံ၊
ငွေပင်ပန်းခံ၊ ထောင်မကျအောင်
အမှုလိုက်ပေးပြီး
ပေါင်ငါးရာ အကုန်ခံလိုက်ရရော။
နောက်မှ ပြန်ကြားရတာက
အမှုနိုင်တဲ့ ငွေနဲ့
ကရွှန်ရှောနဲ့ သူ့ညီဟာ
လောင်းကစားမြို့တော် မွန်တီကာလိုမှာ
တစ်လ လောက်ပျော်ပါးနေပါသတဲ့။
အစ်ကို ဂျော့က ပေါက်ကွဲပါလေရော။
.
.
.
ဂျော့ကတော့ တွမ်နဲ့ဆန့်ကျင်ဘက်ပဲ။
အရမ်းလည်း ရိုးသားတယ်။
အလုပ်လည်း
အရမ်းကြိုးစားတယ်။
ရတဲ့ငွေရဲ့ သုံးပုံတစ်ပုံကိုစုတယ်။
လုပ်သက်၁၅နှစ်အတွင်းမှာ
ဆယ့်ငါးရက်ထက်ပိုပြီး ခွင့်မယူဖူးဘူး။
အသက်ကတော့ ၄၇ ရှိပြီ။
တွမ်က ဂျော့ထက် တစ်နှစ်ပဲငယ်တာ။
ဒါပေမယ့် ဟိုက ၃၅ လောက်ပဲ ထင်ရပြီး
နုနေပေမယ့်
ဂျော့ခဗျာ ကြည့်လိုက်ရင် အမြဲ ပင်ပန်းနေတဲ့နေပြီး
အိုစာနေတယ်။
အဓိကကတော့ စိတ်ဖိစီးရတာကြောင့်လေ။
တနေ့ကြတော့
ဂျော့တစ်ယောက် ပေါက်ကွဲပြီး
စာရေးသူထံရောက်လာတယ်။
.
.
.
“ ကျွန်တော့်ဘဝ တစ်လျောက်လုံး
လိမ်မာရိုးသားခဲ့တယ်။
အများလေးစားတာလဲ ခံရတယ်။
အဲ့လိုလို အလုပ်ကြိုစားခဲ့တာကြောင့်
အများကြီးရ သူဌေးဖြစ်လားဆိုတော့
မဖြစ်ပါဘူး။
ပင်စင်ယူမယ့်အချိန်ကြရင်
အရင်းအနှီးကလေးနည်းနည်း
အတိုးလေးနည်းနည်းနဲ့ နေနိုင်ရုံပဲရှိတယ်။
ဒါပေမယ့် တွမ်ကြတော့ဗျာ …..”
ဂျော့ မျက်နှာကြီး နီမြန်းပြီး
ဒေါသံ သံများဖြင့်
စကားဆက်ပြောတယ်။
.
.
.
“ တွမ်က လတ်လျားလတ်လျားနေပြီး
ဘာမှ အသုံးမကျဘူး။ အပျော်ကြူးတယ်။
လူလေးစားမခံရတဲ့ လူပေလူတေ။
တရားဥပဒေအရဆိုလည်း သူက
ထောင်ထဲမှာရှိနေရမယ့်ကောင်။
ဒါပေမယ့်
တွမ်က သူ့အမေလောက်ရှိတဲ့
မိန်းမကြီးတစ်ယောက်နဲ့ညားပြီး
အခု အဲ့ မိန်းမကြီးသေသွားတော့
ရှိသမျှ စည်းစိမ်အားလုံး သူရလိုက်သတဲ့ဗျာ။
ပေါင်၅သိန်းလောက် ငွေသားချည်း၊
ရွက်လှေ င်္သဘောငယ်ကလေးက တစ်စီး ၊
လန်ဒန်မှာက အိမ်တစ်လုံး၊
တစ်မှာက အိမ်တစ်လုံး”
ဂျော့ က လက်စီးကို ကျစ်ကျစ်
ပါအောင်ဆုပ် စားပွဲကိုထုရင်း …
.
.
.
“ နည်းနည်းမှ မတရားဘူး။
လောကကြီးက နည်းနည်းမှ
မတရားဘူး ၊ အလကားပဲ “
လို့ပြောကာ ပေါက်ကွဲနေလေရဲ့ ….
ဒီပုံပြင်လေးမှာက
မှားတာတွေရော
မှန်တာတွေရော
အများကြီးပါပဲ။
ဟုတ်တာပေါ့။
တကယ့်လက်တွေ့မှာ တွမ့်လို
နေမယ်ဆိုရင်
ကျနော်တို့အားလုံး
လမ်းဘေးရောက်ကုန်ကြမှာ လူတိုင်းသိတယ်။
ထီပေါက်တာမျိုးတို့
ချမ်းသာတဲ့ မိန်းမကြီးကို ရတာမျိုးက
တစ်သန်းမှ တစ်ယောက်မပြည့်ပါဘူး။
အဲ့ဒါတွေကို သွားမက်နေလို့မရဘူး။
.
.
.
ဒါပေမယ့် ဂျော့လို လူမျိုးကရော? ….
ကျနော်တို့ တစ်တွေဟာ ဂျော့များ
ဖြစ်နေမလား?
ဘဝတစ်လျောက်လုံးကြိုးစားတယ်။
အသက်၂၀ပြည့်ရင်
ကျောင်းပြီးရင် ဘွဲ့ရရင်
အသက်၃၀ပြည့်ရင်
အိမ်ထောင်ကျရင်
ကလေးရရင်
ကလေး ကျောင်းတက်ရင်
ကလေးကျောင်းပြီးရင် …
စတဲ့ လိုက်လေ ပြေးလေ ဝေးလေ
အနာဂတ်အိပ်မက်တွေနောက်ကို
လိုက်ရင်းလိုက်ရင်း
ဘယ်တော့များ
ပျော်နိုင်ပါ့မလဲ?
ဘယ်တော့မှ လွတ်လပ်နိုင်မှာလဲ?
ကိုယ်ဖြစ်ချင်တာ
ကိုယ်လုပ်ချင်တာတွေရော
လုပ်နေရရဲ့လား?
အနာဂတ်ကို မျှော်လွန်းအားကြီးနေပြီး
ပစ္စုပန်မှာရော
နေ ထိုင်နေရဲ့လား?
ချမ်းသာရင် ပျော်မယ်ဆိုတော့
ဘယ်တော့ချမ်းသာမှာလဲ?
တကယ်ချမ်းသာမှုဆိုတာကရော
ဘာလဲ?
.
.
.
ကျွန်တော်တို့
အလိမ်ခံနေရတာတွေအများကြီးပါပဲ။
ချမ်းသာဖို့အတွက်
အလုပ်ကြိုးစားဖို့လိုပေမယ့်
အလုပ်ကြိုးစားတိုင်း မချမ်းသာပါဘူး။
အဲ့ဒီအကြောင်းတွေ
ပြောရရင် topic အကြီးကြီးပြော
လို့ရရပါတယ်။
သိချင်တယ်ဆိုရင်
Dark side of capitalism လို့သာ
ရိုက်ရှာကြည့်ပါ ….
အများကြီး ထပ်သိလာမှာပါ။
ဒါပေမယ့် ဒီ Post က
သင်လျောက်နေတဲ့ လမ်းကြောင်းဟာ
မှန် ရောမှန်ရဲ့လား …
နောက်ဆယ်နှစ်ကြာလို့
အိပ်ယာထလာတဲ့အခါ
လည်ပတ်မြဲ ပုံစံတွေ
ဖြတ်သန်းနေဆဲ
ပတ်ဝန်းကျင်တွေနဲ့ပဲ နိုးထလာမှာပဲလား?
ကိုယ်ဖြတ်သန်းနေတဲ့ ဘဝကို ကျေနပ်ရဲ့လား?
.
.
.
ဒါမှမဟုတ် ကိုယ့်ဘဝကို မကျေနပ်ကြောင်း
ရုန်းကန်နေရကြောင်း
ငြီးငြူနေရင်းနဲ့ပဲ ပြီးသွားမှာလားဆိုပြီး
ကိုယ့်ကိုယ်ကို
ပြန်မေးခွန်းထုတ် reflect စေချင်ရုံသပ်သပ်ပါပဲ။
သင့်အတွက်
တွေဝေစဉ်းစားစရာ အနည်းငယ်ကျန်ရင်
ဒီ Post က တာဝန်ကျေပါပြီ။
Haru
1% Better Every Day
ဒါမျိုးထပ်ဖတ်ချင်သေးရင် ...
💬 Comments
Anonymous comments allowed. Be kind. ❤️