How to Study · Post #00003

ဘာသာရပ်တစ်ခုကို အမှတ်ကောင်းအောင်လုပ်တာနဲ့ Fall in Love တာက မတူဘူး

by Haru · 1% Better Every Day
Post cover about grades versus truly loving a subject
ဘာသာမှာရပ်မှာအမှတ်ကောင်း ≠ ဘာသာရပ်ကိုချစ်တာ

၁၀၀ဖိုး မေးတဲ့ မေးခွန်းကို ၁၀၀ရအောင်
ဖြေချင်ဖြေ၊ ဖြေနိုင်လိမ့်မယ်။

ဒါပေမယ့်…
အဲ့ဒီလို ဖြေနိုင်တဲ့သူက
အဲ့ဒီဘာသာရပ်ကို ချစ်ချင်မှ ချစ်မှာ။

အပြန်အလှန်အားဖြင့် —
ဘာသာရပ်တစ်ခုကို ချစ်တိုင်းလည်း
ဒါနဲ့ပတ်သတ်တာတွေအားလုံး သိချင်မှ သိမှာ…

Exam တွေ ဖြေရင်လည်း pass ချင်မှတောင် pass မှာ
ချစ်ပြီး action မပါရင်တော့ အလကားပဲ —
ဘာတိုးတက်မှုမှ မရှိမှာမဟုတ်ဘူး။

Exam တွေ အောင်မြင်ပြီး လိုချင်တဲ့ career တွေကိုလျှောက်နိုင်ဖို့
စာလေ့လာနည်းတွေ၊ Exam tips and techniques တွေရှိပေမယ့် —

ဘာသာရပ်တစ်ခုကို Fall in love ဖို့ဆိုတာက
နည်းလမ်းမရှိဘူးလို့ ကျနော်မြင်တယ်။

Student thinking deeply about learning and motivation
တချို့လူတွေက “စိတ်နဲ့” လေ့လာတယ်။ တချို့က “စည်းကမ်းနဲ့” လေ့လာတယ်။

ပါရမီမပါတိုင်း မFailပါဘူး

လူတစ်ယောက်နဲ့တစ်ယောက် အကြိုက်မတူဘူး၊ taste မတူဘူး။
ဒါဟာ မွေးဖွားလာကတည်းက ဖြစ်တည်လာတာလို့ ကျနော်မြင်တယ်။

ကိုယ့်က ဒီအရာနဲ့ key မကိုက်တာ၊ taste မရှိတာနဲ့
ဒီ field မှာ fail မယ်ဆိုတာတော့ မမှန်ပါဘူး

Result ဆိုတာ Action ကလာတာမို့လို့ —
လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ရင်
ထိုက်သင့်တဲ့ အောင်မြင်မှုတစ်ခုကတော့ ရကိုရမှာပဲ။

Example…
“Meta Learning” လို့ခေါ်တဲ့ သင်ကြားသင်ယူမှုတွေမှာ —
ဘယ်လိုသင်ယူရင် တတ်လွယ်တယ်၊ ဘယ်လိုမှတ်ရင် ခေါင်းထဲစွဲမယ်…
အဲ့ဒါတွေကိုတော့ အသေးစိတ် သင်လို့ရတယ်

ဒါပေမယ့်…

ချစ်မြတ်နိုးမှု၊ ခံစားတတ်မှု၊ ပြီးတော့ ရူးသွပ်မှု…
အဲ့ဒါတွေကို သင်ပေးလို့မရဘူး။ လက်ဆင့်ကမ်းလို့မရဘူးထင်တာပဲ။

You were just born for this.

ကလေးတစ်ယောက်က ပန်းချီဆွဲတာကို သဘောကျတယ်ဆိုပါစို့ —
ပုံဆွဲတာလည်း တခြားကလေးတွေထက် သိသိသာသာထူးချွန်နေတယ်။

“ဘာလို့ သဘောကျတာလဲ” လို့မေးရင်…
သူ့မှာ ဖြေရှင်းချက်ကောင်းကောင်းရှိမယ် မထင်ဘူး။
“သဘောကျစရာမို့လို့ သဘောကျတာ” လို့ပဲ ဖြေလိမ့်မယ်ထင်တယ်။

Dead Poets Society scene illustrating inspiration in learning
“But poetry, beauty, romance, love… these are what we stay alive for.”

ရူးသွပ်မှုဆိုတာကြီးဖြစ်လာဖို့ ဒီအရာ“၃ ခု” လိုတယ်

ထပ်တွေးစရာတစ်ခုက —
topic တစ်ခုကို ချစ်မြတ်နိုးမှုက ကလေးဘဝပတ်ဝန်းကျင်နဲ့ဆိုင်မယ်ဆိုရင်…
အဲ့ဒီကလေးဘဝတုန်းမှာ အတူတူရှိနေမယ့် တခြားကလေးတွေကရော
သူ့လို ဘာလို့ obsess မဖြစ်ရသလဲ?

တကယ်တော့ ဒီလို ရူးသွပ်မှုတစ်ခု၊ ဆာလောင်မှုတစ်ခု ဖြစ်တည်လာဖို့ဆိုတာက —

အချိန် + နေရာ + အဖြစ်အပျက်တိုက်ဆိုင်မှု
ဒီသုံးချက်လုံး လိုပါတယ်။

Example… ကွန်ပျူတာကို ရူးသွပ်ဖို့ဆိုတာ —

ဒါကြောင့် topic တစ်ခုကို
ချစ်မြတ်နိုးတတ်တာ၊ ခံစားတတ်တာ၊ ပြီးတော့ ရူးသွပ်တယ်ဆိုတာက gift တစ်ခုပဲဆိုပြီး ကျနော်တွေးမိတယ်။

အကယ်၍ ကိုယ့်မှာ အဲ့လိုအရာရှိရင် —
တန်ဖိုးထားပြီး သေချာ အသုံးချသင့်တယ်
လူတိုင်းမှာ မရှိမနေလို့လေ။

Haru
1% Better Every Day


💬 Comments

Anonymous comments allowed. Be kind. ❤️