မတူညီသော သင်ယူမှု၊ မတူညီသော ရှုထောင့်တစ်ခု
တကယ်က
သင်ဉာဏ်မကောင်းတာ
မဟုတ်ပါဘူး
မှတ်ဉာဏ်ရဲ့ အလုပ်လုပ်ပုံတွေ၊
စာဘယ်လို ကျက်မှတ်ရမယ်ဆိုတာတွေ
နည်းနည်းပဲလုပ်ပြီး အများကြီးရစေတဲ့ စာလုပ်နည်းတွေကို
ကျောင်းမှာ သေချာမသင်ခဲ့ရဘူးလေ။
သေချာနားလည်ဖို့လို
ထိန်းနိုင်ဖို့လို
ခါးသီးတဲ့ အမှန်တရားတစ်ခုကိုပြောပြမယ်
ကျောင်းသားတစ်ယောက်ဟာ
မေ့လဲသွားတဲ့အထိ စာလုပ်ရင်တောင်မှ
အမှတ်နည်းနေသေးတယ်ဆိုတာက တကယ်ဖြစ်နိုင်တယ်
ဘာဖြစ်လို့လဲဆိုတော့ စာမေးပွဲဆိုတာက
စာဘယ်လောက်လုပ်ထားသလဲဆိုတာကို စစ်တာမဟုတ်ဘဲ
စာဘယ်လောက်ရနေသလဲဆိုတာကို စစ်တာမို့လို့ပဲ။
စကားမစပ် သင်ကြုံတွေ့နေရတဲ့ ပြဿနာက ဒါတွေလား?
"စာတွေအများကြီးလုပ်ထားပေမဲ့ ပြန်မေ့သွားတယ်"
ညကကျက်ထားတဲ့ စာက
မနက်ဆို ကောင်းကောင်းမရတော့ဘူး။
တစ်ပတ်ကြာပြီဆို စာက အသစ်ဖြစ်သွားပြီ။
"Motivation က ၂ ရက်လောက်ပဲ ခံတယ်"
ကျောင်းသားတစ်ယောက်ရဲ့ စိတ်ဟာ ကြည်လင်နေမှ
စာကောင်းကောင်းမှတ်နိုင်မှာ။ စာကြောင့်အမြဲတမ်း Stress ဖြစ်နေရတာနဲ့တင် Motivation ကို
ကောင်းကောင်း Control မလုပ်နိုင်ဘူး။
"အချိန်ကို စီမံမခန့်ခွဲတတ်ဘူး"
ဘာတွေက အရေးကြီးလဲ မသိတော့
ဘယ်ကနေစလုပ်ရမှန်းမသိဘူး။
ရသင့်တဲ့အချိန်မှာ စာတွေမရဘဲ
အမြဲတမ်း နောက်ကောက်ကျ စာမလိုက်နိုင်ဖြစ်နေတယ်။
"စာလုပ်ချင်စိတ်ရှိရင်တောင်မှ စာမှာအာရုံစိုက်လို့မရဘူး"
တောင်တွေးမြောက်တွေး လျှောက်တွေးမိနေတယ်။
စာလုပ်ချိန်သာများတယ် စာကမရ။ ခဏလောက်နေတော့
ဖုန်းသုံးချင်လာရော။ စာသာ ဖုန်းလောက် စိတ်ဝင်စားစရာကောင်းရင် သိပ်ကောင်းမှာ။
"ကိုယ့်ကိုယ်ကို ဉာဏ်မကောင်းဘူးထင်နေတယ်"
လူတိုင်းမှာ မတူညီတဲ့ မှတ်ဉာဏ်အလုပ်လုပ်ပုံတွေရှိတယ်။ ဒါတွေကိုမသိဘဲ သူများစာရသလို ကိုယ်လည်းမရရကောင်းလားဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်ပြီး မရမက push နေတယ်။
ဒီပြဿနာတွေရဲ့ အရင်းမြစ်ကတော့
စာဘယ်လိုလုပ်ရမလဲဆိုတာကို ဂဃနဏမသင်ခဲ့ရလို့ပါ
ကျောင်းတွေက သင့်ကို Subjectတွေ သင်ပေးလိမ့်မယ်
ဒါပေမဲ့ သင့်အနေနဲ့ မှတ်ဉာဏ်အလုပ်လုပ်ပုံ၊ အာရုံစူးစိုက်မှု၊ စိတ်ခံစားချက်ထိန်းချုပ်မှုနဲ့ ကျောင်းသားတစ်ယောက်အနေနဲ့ သိရမယ့် Skill Set တွေ ဖြည့်ဖို့ လိုအပ်နေတယ်။
ဒါတွေအားလုံးရဲ့အဖြေဟာ 1% Better Every Day ရဲ့
"စာလေ့လာနည်းအတန်း"မှာ ရှိပါတယ်။
မထိရောက်တဲ့ စာလုပ်နည်း
ထပ်ခါထပ်ခါဖတ်မယ် ကြက်တူရွေးနှုတ်တိုက်ကျက်မှတ် ရှေ့ကျက်နောက်မေ့ဖြစ်မယ် အမှတ်ရဖို့ပဲအရေးကြီးတယ်သိပ္ပံနည်းကျ စာလုပ်နည်း
မှတ်ဉာဏ်ထဲမှာ စနစ်တကျသိမ်းမယ် Exam အတွက်အမြဲ Ready တော်ရုံနဲ့ စာမမေ့ဘူး စာလုပ်ရတာကို Fall in love လာမယ်မပုကြွယ်နဲ့ ခရုငယ်ဆိုတာက
ပုံပြင်ထဲမှာပဲ နားထောင်လို့ကောင်းပါတယ်။
ပိုကြိုးစားတိုင်း စာပိုရမလာဘူးဆိုတာ
သင့်ကိုယ်သင် အသိဆုံးပါ
သင်လိုအပ်နေတာက စာလုပ်ချိန်မဟုတ်ပါဘူး။
ထိရောက်တဲ့ သိပ္ပံနည်းကျ စာလေ့လာနည်းတွေပါ။ ဒါကြောင့်
"စာလေ့လာနည်းအတန်း" Batch 4 ကို ဖွင့်လိုက်ပါပြီ။
ဒီအတန်းရဲ့ စာလုပ်နည်းတွေက သင့်စာလုပ်ချိန်ကို
အဆ ၃၀မက သက်သာစေပါလိမ့်မယ်။
အတန်းမှာ ဒါတွေကို သင်ပေးသွားမှာပါ
ကြိုးစားပေမဲ့ ကြိုးစားသလောက် အရာမထင်နေတာ ဘယ်လိုအကြောင်းတွေကြောင့်လဲ?
- ဦးနှောက်ရဲ့မှတ်ဉာဏ်အလုပ်လုပ်ပုံ
- စာမေ့တတ်တဲ့ သဘောသဘာဝ
- Motivation ကောက်ရိုးမီးလိုဖြစ်နေတာကို ဖြေရှင်းနည်း
- ကျောင်းသားတစ်ယောက်အနေနဲ့ သိထားရမယ့် စာလေ့လာနည်း Fundamental တွေ
သိပ္ပံနည်းကျ စာလေ့လာနည်းတွေ
- Online ပေါ်မှာ ရှာရခက်တဲ့ စာလုပ်နည်း အသစ်တွေ
- သိပ္ပံနည်းကျ သုတေသနလုပ်ထားတဲ့ လက်တွေ့ဆန်ဆန် စာလုပ်နည်း အခု ၂၀
- AI အသုံးပြုပြီး စာလေ့လာနည်း Basic to Advance
စာတွေနဲ့ ပတ်သက်ပြီး
- ခုနှစ်တွေ မရောအောင် ဘယ်လိုမှတ်ရမလဲ?
- a, an, the ရောနေတာ၊ verb တွေမှာ s ပါ/မပါ ရောနေတာတွေကို ဘယ်လိုဖြေရှင်းရမလဲ?
- စာမေးပွဲဖြေရင် လျှမ်းတတ်တဲ့ အကျင့်ကို ဘယ်လိုဖျောက်ရမလဲ?
- ထောင်ချီတဲ့ meaning တွေ၊ Language Vocab တွေ၊ Definition တွေကို ဘယ်လိုကျက်ရမလဲ?
အချိန်စီမံခန့်ခွဲနည်း
- လုပ်ရမယ့် စာတွေက အရမ်းများနေပြီး စာလုပ်ချိန် အရမ်းနည်းနေတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ?
- အလုပ်တစ်ဖက်နဲ့ စာလေ့လာတဲ့အခါ ဘယ်လိုနည်းတွေသုံးပြီး လေ့လာရမလဲ?
- ကျောင်းတစ်ဖက် ကျူရှင်တစ်ဖက် ဗျာများနေတာကို ဘယ်လိုဖြေရှင်းရမလဲ?
အာရုံစူးစိုက်မှုနဲ့ ပတ်သက်ပြီး
- အချိန်အကြာကြီး အာရုံစိုက်ပြီး စာလုပ်နိုင်အောင် ဘယ်လိုလုပ်ရမလဲ?
- ပင်ပန်းနေပေမယ့် မဖြစ်မနေစာလုပ်ရမယ်ဆိုရင် ဘယ်လိုစာလုပ်မလဲ?
- အမှတ်တအားနည်းလို့ စိတ်ဓာတ်ကျသွားတဲ့အခါ ဘယ်လိုပြန် Comeback ရမလဲ?
ဘဝနဲ့ ပတ်သက်ပြီး
- လမ်းပျောက်နေတဲ့ လူငယ်တွေအတွက် Career ရွေးချယ်နည်း
- Goal တွေကို plan ရုံသက်သက်ပဲ မဖြစ်ဘဲ လက်တွေ့မှာဖြစ်လာအောင် Step by step ဘယ်လိုလုပ်မလဲ?
- ကျောင်းသားတစ်ယောက်အနေနဲ့ တစ်လကို ငွေ ၁ သိန်းကနေ ၁၀ သိန်းကျော် ဘယ်လိုရှာရမလဲ?
ဒီအတန်းဟာ ကျောင်းသားတွေရဲ့ ဘဝကို ပြောင်းလဲပေးခဲ့တယ်
အတန်းသားတွေရဲ့ စကားသံများ
- ကျွန်တော့်အနေနဲ့ ဆရာ့သင်တန်းမတက်ခင်/ YouTube က Video တွေမကြည့်ဖူးခင်က စာကျက်ပြီဆိုရင် သမားရိုးကျအတိုင်း (ကြက်တူရွေးနှုတ်တိုက်) ကျက်နေတာကများပါတယ်။ အချိန်တော်တော်များများမှာ Motivation မရှိလို့ စာမလုပ်ဖြစ်တာမျိုးတွေရှိတတ်ပါတယ်။
- ဒါပေမဲ့ ဆရာပြောတဲ့ စာကျက်နည်းတွေ၊ အလွယ်မှတ်နည်းတွေ၊ Motivation မလိုဘဲ စာလုပ်နည်းတွေကြောင့် အပေါ်မှာပြောခဲ့တဲ့ အခက်အခဲတွေကို အတိုင်းအတာတစ်ခုအထိ ကျော်လွှားနိုင်ခဲ့ပါတယ်။
(စာကျက်တဲ့အခါ ကိုယ်ပိုင်မှတ်နည်း/ အဆက်အစပ်တွေနဲ့မှတ်တတ်လာပါတယ်၊ ခုနှစ်သက္ကရာဇ်တွေနဲ့ ကိန်းဂဏန်းဆိုင်ရာ အချက်အလက်တွေကို မှတ်တဲ့နေရာမှာဆိုရင် သူများတွေကြားထဲမှာ ဆရာတစ်ဆူလိုတောင်ဖြစ်နေပါပြီ😁 Motivation နဲ့ပတ်သက်ပြီး Grade 12 နှစ်စကတည်းက စာတစ်လုံးမှမလုပ်တဲ့ဆိုလို့ မရှိသလောက်ပါပဲ၊ နောက်ပြီးတော့ အချိန်ဆွဲတတ်တဲ့အကျင့်ကိုလည်း အနည်းနဲ့အများတော့ လျှော့ချနိုင်လာပါတယ်။)
နောက်တစ်ခုအနေနဲ့ကတော့ ရှေ့ကျက်နောက်မေ့မဖြစ်တော့တာပါ။ အရင်ကျက်ပြီးသားစာတွေကို ပြန်နွှေးတဲ့အခါကျရင် မိနစ်ပိုင်းအတွင်း Recall ခေါ်နိုင်လာပါတယ်။ ဆရာပြောတဲ့နည်းလမ်းတွေက စာမေးပွဲရက်တွေမှာလည်းအသုံးဝင်ပါတယ်ခင်ဗျ။ (One Subject One Night စာပြန်ကြည့်တာခြင်းအတူတူတောင်မှ သူများထက် အမှတ် 20 လောက်သာနေတာမျိုးပေါ့)
နောက်ဆုံးတစ်ချက်အနေနဲ့ ကိုယ့်အတွက် အရေးကြီးတဲ့စာ/ အရေးမကြီးတဲ့စာဆိုပြီး ခွဲခြားပြီးတော့လုပ်တတ်လာပါတယ်။
ကျွန်တော့်အနေနဲ့ နောက်အပတ်မှာ စာမေးပွဲရှိသေးတာမို့လို့ စာကိုဒီလောက်နဲ့ပဲရပ်လိုက်ပါတယ်။ တကယ်ကပြောပြချင်တာတွေအများကြီးရှိပါသေးတယ်။ ဆရာပြောတဲ့ Technique တွေနဲ့ စာမေးပွဲမဖြေခင်ညတွေမှာ စာပြန်နွှေးဖြစ်တာကြောင့် ရှေ့ကဖြေတဲ့ စာမေးပွဲ 3ခါစလုံးမှာ M/C/P/B ဂုဏ်ထူးပါပါတယ်။ Final Exam မှာလည်းဒီရလဒ်အတိုင်းရအောင်ကြိုးစားနေပါတယ်။
ဆရာ့သင်တန်းမတက်ခင်မှာ စာဆိုတာ တကယ်ကိုခက်ခဲခဲ့ပါတယ် ဦးနှောက်ရဲ့အလုပ်လုပ်ပုံကိုလဲ သေချာနားမလည်တဲ့အခါမှာ ရှေ့ကျက်နောက်မေ့ခဏခဏဖြစ်ခဲ့တာပါ ဆရာ့သင်တန်းတက်ပြီးတဲ့အခါမှာတော့ အော် ဦးနှောက်ဆိုတာ ဒီလိုအလုပ်လုပ်ပါလား များများခိုင်းရတာပါလားဆိုတာ သိလာတော့ စာတွေလေ့လာမှတ်သားရတာ လွယ်ကူလာပါတယ် Active Recall ကိုတော့ တော်တော်လေးလုပ်ဖြစ်ပါတယ် တဖြည်းဖြည်းနဲ့ မှတ်သားနိုင်စွမ်းတွေ ပိုပိုကောင်းလာတာမြင်ခဲ့ရပါတယ် ဆရာ့ vd တိုင်းက လုံးဝအနှစ်တွေပါပဲ သေသေချာချာလေး လက်တွေ့ကျတဲ့ examples လေးတွေနဲ့ရှင်းပြပေးတော့ တကယ်ကို သဘောကျပါတယ်ဆရာ ဆရာရဲ့ Ultra Instinct Memory ထဲမှာ guitar လေးတီးပြပြီး တကယ့် အသေအချာသင်ပြပေးလို့ ကျေးဇူးတင်ပါတယ်ဆရာ
နောက်ပြီးတဲ့တစ်ခုက Time management အတွက်' funeral script ' လေး စစချင်းရေးတုန်းက ဆရာပြောသလိုပဲ မသေချာမရေရာပဲ results တွေဖြစ်နေခဲ့တာပါ ဆရာပြောခဲ့တဲ့စကားအတိုင်းပါပဲ သေချာလေးအချိန်ပေးပြီးစောင့်ကြည့်လာတဲ့အခါ အခုကိုယ်ဘယ်လိုလူဖြစ်ချင်လဲ ဘာအလုပ်ကိုလုပ်ချင်လဲ ဆိုတာကိုသိသွားပါပြီဆရာ Physiotherapist တစ်ယောက်ဖြစ်ချင်တာပါဆရာ
ပြီးတော့ Long Term memory ရယ် Short term memory ရယ်အကြောင်းလဲသေချာသိသွားခဲ့ပါတယ် ဆရာပြောသလိုပဲ ဦးနှောက်ထဲထည့်တဲ့အလုပ်ကတစ်လုပ်ဖြစ်ပြီး ထုတ်တဲ့အလုပ်ကတစ်လုပ် အဲ့နှစ်ခုကိုလဲ သေချာလေးသုံးသပ်ပြီး balance ဖြစ်ဖြစ်လုပ်လာနေနိုင်ပါပြီ ဆရာ
သေချာတာကတော့ ကိုယ်ရဲ့စာလေ့လာတဲ့ပုံစံ mindset တွေ စာလေ့လာတာကိုမြင်တဲ့အမြင်တွေတကယ်ကို ဆရာပြောသလို တောင်ထိပ်ကနေ တဖြည်းဖြည်းကြည့်လာနိုင်နေပါပြီ ဆရာ ဒီသင်တန်းတက်ရတာ တကယ့်ကိုနောင်တမရပါဘူးဆရာ ဒီလိုမျိုး အသိအမြင်တွေရလာဖို့အတွက် ပေးရတဲ့အချိန်တွေ အားလုံးက တကယ်အဖိုးတန်တာပါဆရာ
စာဆိုတာ တကယ်အကြောင်းသိသွားရင် ကိုယ်တကယ် ကိုင်တွယ်နိုင်လာမယ်" ဆိုတာသိစေချင်ပါတယ်
ဒီသင်တန်းကို မတက်ခင်တုန်းကတော့ စာလုပ်နည်းသင်တန်းဆိုတာ တကယ်ရော လိုအပ်လို့လားဆိုပြီး တွေးမိပါသေးတယ်။ ဒါပေမဲ့ တက်ပြီးသွားတဲ့အချိန်မှာတော့ ဒီအတွေးက လုံးဝမှားသွားပြီဆိုတာ ကျနော်လက်ခံလိုက်ပါတယ်။
အရင်ကတော့ ကျနော်ထင်တာ စာလုပ်တယ်ဆိုတာ ကျနော် အတွက်တော့ "ဇွဲနပဲနဲ့ အော်ကျက်တာ" သက်သက်ပါပဲပေါ့ ။ စာမေးပွဲနီးရင် ဖိစီးမှုတွေများပြီး ဘယ်ကစလုပ်ရမှန်းမသိ လမ်းပျောက်နေတတ်တယ်။
သင်တန်းတက်ပြီးနောက်မှာတော့ စာလုပ်တယ်ဆိုတာ 'အားစိုက်ထုတ်မှု' တစ်ခုတည်း မဟုတ်ဘဲ "နည်းစနစ် (Technique)"ပါ လိုအပ်တယ်ဆိုတာကို သဘောပေါက်သွားတယ်။
ဦးနှောက်အလုပ်လုပ်ပုံ (Brain Mechanics) ကို နားလည်သွားတော့ စာကို အတင်းကျက်စရာမလိုဘဲ မှတ်မိအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ Confident ရလာပါတယ်။
အထူးသဖြင့် စာမေးပွဲနီးလာရင် ကြောက်စိတ်မဝင်တော့ဘဲ Revision ပြန်ရမယ့် အချိန်ဇယား (Time Management) ကို သေသေချာချာ ဆွဲတတ်သွားပါပြီ။ သင်တန်းတက်မိတာ နောင်တရလားလို့မေးရင်တော့ လုံးဝ (လုံးဝ) နောင်တမရပါဘူး။ တစ်ခုပဲ နောင်တရတာက "ဒီသင်တန်းကို စောစောကတည်းက မတက်ခဲ့မိတာ" ပါပဲ။ တကယ်လို့သာ ငယ်ငယ်ကတည်းက ဒီနည်းလမ်းတွေကို သိခဲ့ရင် စာလုပ်ရတာ ဒီလောက် ပင်ပန်းမှာ မဟုတ်ဘူးလို့တောင် တွေးမိပါတယ်။ ပေးရတဲ့ သင်တန်းကြေး၊ ပေးလိုက်ရတဲ့ အချိန်နဲ့ ပြန်ရလိုက်တဲ့ Skill က တကယ်ကို တန်လွန်းပါတယ်။
သင်တန်းမတက်ခင်ကဆို စာကျက်ရင်ဒီတိုင်းဘဲ အော်ကျက်လိုက်ပါတယ်။ Bio တွေဆို နေ့တိုင်းလိုလိုကျက်နေပေမဲ့ စာမေးပွဲနီးပြီဆိုရင် တစ်လုံးမှမမှတ်မိဘဲ စာလုပ်ပေမဲ့စာမရဖြစ်နေပါတယ်။ သင်တန်းတက်တဲ့အချိန်ကနေစပြီး စာကိုစနစ်တကျဘယ်လိုလေ့လာရမလဲဆိုတာသိလိုက်ရတဲ့အတွက် စာကျက်တဲ့အခါ ယုံကြည်မှုရှိလာတယ် ၊ ပိုမြန် ပိုမှတ်မိလာတယ်။ a, an, the တွေ s, es, ies တွေကို သုံးတတ်လာတဲ့အတွက် ကျွန်တော့ Bio ဖြေတဲ့စာရွက်က အရင်လိုမှင်နီရာတွေနဲ့ပြည့်မနေတော့ပါဘူး။
အကြိုက်ဆုံးကတော့ RemNote app ပါ။ ဒါကိုသုံးပြီး စာကျက်ချိန်တွေကို အများကြီးလျှော့ချနိုင်လိုက်ပါတယ်။ Time management အကြောင်းကိုလည်းသိခဲ့ရတဲ့အတွက် အချိန်တွေအလေအလွင့်မဖြစ်တော့ဘဲ အလုပ်တွေပိုပြီးလာပါတယ်။ လမ်းပျောက်နေရာကနေ ဘဝအတွက်ဦးတည်ချက်ရှိလာပါတယ်။
အာရုံစိုက်မှုပိုကောင်းအောင် အခန်းကို သန့်"ရှင်း"ထားရင်းက သန့်"ရှင်း"နေတတ်တဲ့ အလေ့အကျင့်ကိုပါမွေးမြူလာနိုင်ပါတယ်။ Memory palace technique ကလည်း အရမ်းကို အသုံးဝင်ပါတယ်။ Constant တန်ဖိုးတွေ၊ ခုနှစ်တွေကို အလွယ်တကူမှတ်လာနိုင်ပါတယ်။
သင်တန်းကိုမတက်ခင် စာလေ့လာတာနဲ့ပတ်သက်ပြီး အခြေနေတော်တော်ဆိုးရွားခဲ့တာပါ။ တက်ပြီးတဲ့နောက်ပိုင်းမှာ အရင်နဲ့လုံးဝမတူတော့ဘဲ တိိးတက်ပြောင်းလဲခဲ့ရပါတယ်။
သင်တန်းကိုတက်မိတာတော့ လုံးဝနောင်တမရပါဘူး။ မတက်မိလိုက်ရင်သာ ကိုယ့်ကိုယ်ကို ယူကြုံးမရဖြစ်မိနေမှာပါ။ သင်တန်းတက်ရတာ အရမ်းကို အကျိုးရှိပြီး အပြောင်းအလဲတွေဖြစ်ပါတယ်ဗျာ။
ဆရာရှင့်
video တော်တော်များများက အကျိုးရှိပါတယ် ကိုက်ညီတယ်ပေါ့နော်
ဆရာပြောတဲ့အတိုင်း နည်းလမ်းတချို့က အသုံးဝင်ပါတယ် စာလုပ်တဲ့အခါ ပိုပြီးအာရုံစိုက်တတ်အောင် လုပ်တတ်လာပါတယ် TikTok တွေ YouTube တွေက shorts တွေကိုစွဲလမ်းသူတစ်ယောက်က ဆရာပြောပြထားတဲ့ video တစ်ပုဒ်ကြည့်ပြီး အဲ့တာတွေကို ဖြတ်တောက်နိုင်ပါတယ်။
အခုတော့မလုပ်ဖြစ်တော့ပေမဲ့ အရင်က ဆရာပြောပြတဲ့ RemNote မှာစာလုပ်တာလဲအကျိုးထူးခဲ့ပါတယ်။
ဆရာ့သင်တန်းတက်ရတာ နောင်တမရပါဘူးရှင့် ကိုယ်ပေးတဲ့ဟာထက် ရတာတွေက ပိုများပါတယ်။
နောက်ထပ် သင်တန်းသားတွေကိုပြောချင်တာက တကယ်သာ သေချာလိုက်လုပ်မယ်ဆိုရင် အကျိုးတွေအများကြီးရှိပါတယ်ရှင့်။
ဘဝကို အခုပဲ ပြောင်းလဲချင်တယ်ဆိုရင်တော့
အတန်းအပ်လို့ရပါပြီ
စာလေ့လာနည်းသင်တန်း Batch 4 ကို လာ join လှည့်ပါ
Telegram Private Video Class
စာလေ့လာနည်းသင်တန်း Batch 4
မပုကြွယ်နဲ့ ခရုငယ်ဆိုတာ ပုံပြင်ထဲမှာပဲ နားထောင်လို့ကောင်းပါတယ်။
စာလေ့လာနည်းသင်တန်း Batch 4
အခုပဲ အတန်းလာအပ်လိုက်ပါ။
"b4" လို့ စာပို့ရုံပါပဲ။
အတန်းအပ်မည်