How to Study · Post #00001

ပိုကြိုးစားတိုင်း စာပိုရလာမယ်လို့ထင်နေတုန်းပဲလား?

by Haru
Post cover about whether studying harder really improves learning
ပိုကြိုးစားတိုင်းစာပိုရလာမယ်လို့ထင်နေတုန်းပဲလား

" တစ်နာရီ စာကျက်ရင် တပုဒ်ရတယ် နှစ်နာရီကျက်ရင် စာနှစ်ပုဒ်ရမယ် " ဆိုပြီး 80% သော စာလေ့လာသူတို့တွေးတတ်ကြပါတယ်။

မပုကြွယ်နှင့် ခရုငယ်ဆိုတာ ပုံပြင်ထဲမှာပဲ နားထောင်လို့ကောင်းပါတယ်။ ကဗျာတပုဒ်ကို တရက်နှုန်း ဆိုပေမဲ့ —

သင့်အလုပ်ကိစ္စတွေကြောင့် အချိန်ကန့်သတ်ချက်တွေရှိလာတဲ့အခါ ကျက်ရမဲ့ ကဗျာ ၂၀၀ အတွက် ရက်ပေါင်း ၂၀၀ ဆိုပြီး စာကျက်နေလို့ မရတော့ပါဘူး။ တနေ့ကိုလည်း စာလုပ်ချိန် ၁၈ နာရီအပြင် ပိုလုပ်လို့မပါဘူး။

စာလုပ်ချိန်များတိုင်း စာပိုရလာမယ်ဆိုတာက
တော်တော်လေးလွဲမှားနေတဲ့ အယူအဆကြီး တခုဖြစ်ပါတယ် ‌‌‌‌‌‌‌‌‌‌‌‌‌‌🤦

ဒါကြောင့် ဒီ post လေးမှာတော့ —

ပြောပြပေးသွားမှာ ဖြစ်ပါတယ် 👀


💎 စာလုပ်ချိန် လျှော့လို့ရပါပြီ

ခရီးတခု သွားဖို့အတွက် စက်ဘီးရယ်၊ ဆိုင်ကယ်ရယ်၊ ကား ဆိုတဲ့ ယာဉ် ၃ စီးထဲက တစီးကို ရွေးချယ်ရမယ်ဆို သင် ဘာကို ရွေးမလဲ . . .

မပင်မပန်း၊ ခွန်အားအနည်းငယ်နှင့် ခရီးဝေးပိုရောက်တဲ့ ကားပဲ သင်ရွေးမှာပါ။ ကားမဟုတ်ဘဲ ဂျက်လေယာဉ်တို့ ၊ ဒုံးပျံတို့ ဆိုရင်တော့ ဘယ်လောက် ခရီးပေါက်မလဲ သင် စဉ်းစားကြည့်ပါတော့။

ကိုယ်သွားချင်တဲ့ ပန်းတိုင်းဆီ ရောက်ဖို့ကြိုးစားတဲ့အခါ ဘယ်နနာရီ အချိန်ကုန်ခံပြီး အရောက်သွားမလဲဆိုတဲ့ မေးခွန်းထက် ငါဘာကိုသုံးပြီး သွားမလဲ ဆိုတာတဲ့ မေးခွန်းကပိုပြီး အရေးကြီးပါတယ်။

💎 စာလုပ်နည်း Equation

စာပြီးမြောက်မှု = စာလုပ်နည်း × စာလုပ်ချိန် × ပျော်ရွှင်မှု

W=Fs ဆိုတဲ့ Physics Equation နှင့် သဘောတရားတူတူပါပဲ။ ဒါကြောင့် အချိန်တိုတိုနှင့် စာများများ ရချင်ရင်တော့ မြှောက်ဖော်ကိန်း တွေဖြစ်တဲ့ —

ဆိုတဲ့ အချက် (၂) ချက်ကို ပိုကောင်းအောင် လုပ်ရပါမယ်။

💎 စာလုပ်နည်း(၁) — Deep Work

Sniper(စနိုက်ပါ) ပစ်တယ်ဆိုရင် ပစ်မှတ်တနေရာထဲကိုပဲ မြင်အောင်ကြည့်… စိတ်ငြိမ်ငြိမ်ထား… တိတိကျကျချိန်ပြီးပစ်လိုက်ရင်… ကွက်တိ ထိသလိုမျိုး…

အလုပ်လုပ်တဲ့ အခါမှာ အထိရောက်ဆုံး ဖြစ်ချင်ရင်တော့ အလုပ်တခုတည်းကိုပဲ ၁၀၀% အာရုံစိုက် နေရပါမယ်။

ဝပ် ၁၀၀ အားရှိတဲ့ မီးသီးဟာ အခန်းတခန်းလုံးကို လင်းစေနိုင်ပေမဲ့… ဝပ် ၁၀၀ အားရှိတဲ့ လေဆာ ကတော့ စတီးကိုတောင် ဖြတ်တောက်နိုင်စွမ်းရှိပါတယ်။ စွမ်းအားချင်းတူပေမဲ့ ရလဒ်ချင်းကွာခြားသွားပါတယ်။

ဒါကြောင့် စာလုပ်တဲ့ အခါမှာ သင့်အာရုံ (Focus) ဟာ စာမှာ ၁၀၀% အပြည့် ရှိနေဖို့ အရေးကြီးပါတယ်။

စာလုပ်မယ်ဆိုရင် ၂၅ မိနစ်စာ Timer လေး ပေးထားလိုက်ပြီး အဲ့ဒီ 25 မိနစ်အတွင်းမှာ ၁၀၀% အာရုံစိုက်ပါ။ စာကလွဲလို့ ကျန်တာခေါင်းထဲမထားပါနဲ့။

အလုပ်အကြောင်း၊ မိသားစုအကြောင်း မတွေးပါနှင့်။ လုပ်စရာ ခေါင်းထဲ ပေါ်လာရင်လဲ နောက်မှ လုပ်ဖို့ စာရွက်ပေါ် ရေးမှတ်ထားလိုက်ပါ။ ဖုန်းမကိုင်မိဖို့က တအားအရေးကြီးပါတယ် — ဖုန်းကိုင်မိရင် Focus က 0% ကနေ ပြန်စရလို့ပါ။

Focus 100% ရတဲ့ အခါမှာ သင့်ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ဟာ အမြင့်ဆုံးမှာ ရှိနေပါလိ့မ်မယ်။ ၂၅ မိနစ်ကျော်လာရင်တော့ ဦးနှောက်ကို ၁၀ မိနစ်ပြန်အနားပေးပါ။ အနားမပေးရင်တော့ Focus 100% ရမှာ မဟုတ်ပါဘူး။

💎 စာလုပ်နည်း(၂) — Mind Map

ဝင်္ကပါတခုကို မြေပုံကိုင်ပြီး ဖြတ်တဲ့သူနှင့် မြေပုံမပါဘဲ ဖြတ်တဲ့သူနှင့် ဘယ်သူက ပိုပြီး လွယ်ကူမယ်ထင်ပါသလဲ ? မြေပုံပါတဲ့ လူက အများကြီး လွယ်ကူပါတယ် — အကြောင်းကတော့ ကိုယ်လျောက်တဲ့ လမ်းကို သိမြင်နေရလို့ပါ။

စာကို တခုနှင့် တခု နားလည် ဆက်စပ်မှုမရှိဘဲ ဒါဆိုဒါ အသေမှတ်ပြီး စာကျက်တဲ့ လူဟာ မြေပုံမပါဘဲ ဝင်္ကပါထဲ လမ်းလျောက်နေတဲ့ သူနှင့်တူပါတယ်။ ဒါကြောင့် Mind Map နှင့် စာလုပ်ဖို့ လိုအပ်တာပါ။

Mind Map ဆိုတာက မြေပုံတခုလိုမျိုး ကိုယ်ကျက်မှတ်ထားတဲ့ အကြောင်းအရာတွေကို တခုနှင့် တခုချိတ်စပ်ပြီး မျက်စိထဲ ကွက်ကွက်ကွင်းကွင်းမြင်အောင်မှတ်တဲ့ စာလုပ်နည်းဖြစ်ပါတယ်။

Mind map example
Mind Map နမူနာ

💎 စာလုပ်နည်း(၃) — အိပ်ပါ။

အိပ်ရေး ဝဝ အိပ်ပါ။ သင်ဦးနှောက်က စက်ရဲ့ engine အင်ဂျင် တလုံးနှင့်တူပါတယ်။ အနားပေးသင့်ရင် အနားပေးရပါမယ်။ စက်ဘယ်လောက် လန်ပြန်နေပါစေ အင်ဂျင်ကြီး ဂျုံးဂျုံးကျနေရင်တော့ ခရီးမပေါက်ပါဘူး။

စာလုပ်တယ်ဆိုတာ ဦးနှောက်ကို ခိုင်းစေပြီး အလုပ်လုပ်တာ ဖြစ်တဲ့ အတွက် ဦးနှောက်က Energy အပြည့်ဖြစ်နေဖို့လိုအပ်ပါတယ်။ ဒါမှ ၁၀၀% Focus နိုင်မှာပါ။

ဦးနှောက်က ပင်ပန်းနေတာကို အနားမပေးဘဲ ဆက်ပြီး စာလေ့လာနေရင်တော့ သဲထဲ ရေသွန်တဲ့ လုပ်ရပ်မျိုး လုပ်နေပြီလို့ သတိပေးပါရစေ။

ဦးနှောက် energy ကုန်နေတုန်း ဘယ်တော့မှ စာလုပ်မိပါစေနှင့် ❌
စာလုပ်ချိန်များတိုင်း စာများများ မရဘူးဆိုတာ စိတ်ထဲမှာစွဲမြဲနေပါစေ။


စာလုပ်နည်း Equation + စာလုပ်တဲ့ နည်း (၃) နည်းနှင့်ဆိုရင်တော့ သင်ရဲ့ လေ့လာနိုင်စွမ်းတွေ အများကြီး တိုးတတ်လာပါလိမ့်မယ်။

ဒီထပ်ပိုကောင်းတဲ့ နည်းလမ်းတွေလည်း ထပ်တင်ပေးသွားဖို့ရှိပါတယ်။

ဒီ စာလေ့လာနည်းကိုလည်း သူငယ်ချင်းတွေ သိသွားအောင် share သွားလိုက်ပါ 💎
Sharing is caring


💬 Comments

Anonymous comments allowed. Be kind. ❤️