Meta Learning · Post #00007

Active Recall : စာကျက်ပြီး စာမရတာမျိုး မဖြစ်စေမယ့် စာလုပ်နည်း

Student with books representing Active Recall study methods
စာတွေကို စနစ်တကျ မှတ်နိုင်ဖို့

(1) စာလုပ်ပေမယ့်စာမရ ရတဲ့အကြောင်း

စာလုပ်တဲ့နေရာမှာ passive learning နှင့်
Active Learning ဆိုပြီး
နှစ်မျိုးရှိပါတယ်

သူများ စာသင်တာ ကိုနားထောင်တာ
စာအုပ်ကို ဖတ်တာ
Video Tutorial တွေကြည့်တာတွေကို
Passive leaning လို့ခေါ်ပါတယ်

ဒါဟာဘာနဲ့တူသလဲဆိုတော့
ရေကူးနည်းကို
YouTube Video ကြည့်တာနဲ့တူပါတယ်

နားတော့နားလည်မယ်
လက်တွေ့မှာ ရနေမှာမဟုတ်ပါဘူး
active (ကိုယ်ကိုယ်တိုင် လိုက်လုပ်ခြင်း )ရှိမနေလို့ပါ

ဒါကြောင့်စာလုပ်ပြီဆိုရင်
Passive ဖြစ်နေပြီလား
Active ဖြစ်နေပြီလား
ကွဲဖို့လိုပါတယ်

မဟုတ်ရင်တော့ စာလုပ်ပြီး
စာသေချာမရတာမျိုး ဖြစ်မှာပါ

(2) passive learning

စာတွေကိုထပ်ထပ်ခါခါ
အော်ကျက်အော်မှတ်
Note တွေပဲ ထပ်တလဲလဲထိုင်ကြည့်နေတယ်
ဆိုရင်တော့ ဒါဟာ
Passive learning ပဲနေမှာလိမ့်မယ်

Highlighted books showing passive learning habits
Highlight တွေအများကြီးလုပ်ထားတာက စာရတယ်လို့ ခံစားရစေပေမယ့် တကယ်လက်တွေ့မှာတော့ ...

ဒီနည်းလမ်းက Active Learning ထက်စာရင်
တော်တော်မထိရောက်တဲ့နည်းလမ်းပါ

2011 ခုနှစ်မှာ
Cognitive psychologist
Henry Roediger နဲ့
Jeffrey Karpicke တို့ရဲ့
လေ့လာမှုတစ်ခုအရ

စာကို ပြန်ဖတ်တဲ့နည်းလမ်းထက်
Active Recall နည်းလမ်းသုံးတဲ့
ကျောင်းသားတွေဟာ စာကို
၅၀% ကျော် ပိုမှတ်မိနိုင်ခဲ့ပါတယ်တဲ့

ဒါကြောင့်
ဒီနေ့မှာတော့ active recall စာလုပ်နည်း
ပြောသွားမှာဖြစ်ပါတယ်

(3) Active Recall

Active ကတော့ Active Learning ကို
ပြောတာဖြစ်ပြီး
Recall ဆိုတာကတော့ ကိုယ်မှတ်လိုက်တဲ့စာ
ပြန်မှတ်မိ မမှတ်မိ ကို မှတ်ဉာဏ်ထဲက
ပြန်ခေါ်တာဖြစ်ပါတယ်

ဒီနည်းလမ်းကို ကျင့်သုံးဖို့ဆို
ကျနော်တို့
အဆင့် 5 ဆင့်ကို လုပ်ရပါမယ်

  1. ပထမတစ်ခေါက် သင်ယူခြင်း
  2. သင်ယူခြင်းကို မေးခွန်းထုတ်ခြင်း
  3. စာအုပ်ပိတ်ခြင်း
  4. မှတ်ဉာဏ်ကို ပြန်ဆန်းစစ်ခြင်း
  5. အဖြေတိုက်ခြင်း

(1) ပထမ တစ်ခေါက် သင်ယူခြင်း

စာကို အရင်ဆုံးနားလည်အောင်
လုပ်ရပါမယ်

YouTube Video ကြည့်ရင်းနဲ့ဖြစ်စေ
ဆရာရှင်းပြတာနားထောင်သည်ဖြစ်စေ
စာအုပ်ဖတ်သည်ဖြစ်

တတ်နိုင်သမျှ နားမလည်တာ
မရှိအောင်လုပ်ပါ

နားမလည်ဘူးဆိုရင်
AI တွေပေါတာမို့
AI တွေကို

“ကျနော်ကို [သင်နားမလည်သည့်အကြောင်းအရာ]ကို
၁၀နှစ်သား ကလေးတစ်ယောက်လို ရှင်းပြပါ”

ဆိုတဲ့ Prompt ကို သုံးပြီး မေးလို့ရပါတယ်
အကယ်၍ သင်က
အဆင့်မြင့်ဘာသာရပ်တွေကို
သင်နေရတဲ့ သူဆိုရင်

“Give me an analogy for [topic]”

အဲ့လိုလေး မေးလို့ရပါတယ်
ဒီအတိုင်း Explain me လို့ မေးလိုက်တာထက်
ဒါက အများကြီးနားလည်လွယ်ပါတယ်

[AI သုံးပြီး စာလေ့လာနည်းတွေကို post သက်သက်ထပ်တင်ပေးသွားပါမယ်]

(2) သင်ယူခြင်းကို မေးခွန်းထုတ်ခြင်း

စာကို ရှိသမျှအကုန်တစ်ခါတည်း
သိမ်းကျုံးမှတ်ဖို့လုပ်တာထက်
အကြောင်းအရာတွေက်ို
ခွဲထုတ်ပစ်လိုက်ဖို့ လိုပါတယ်

တစ်ပိုဒ်ချင်းပဲဖြစ်ဖြစ်
၂ကြောင်းချင်းချင်းပဲ
အရင်ဆုံးခွဲထုတ်လိုက်ပြီး

မေးခွန်းလေးတွေ ချရေးထားပါ

ဥပမာ အနော်ရထာအကြောင်း
စာတစ်ပိုဒ်ကျက်တယ်ဆိုရင်

အနော်ရထားက
ပုဂံမင်းဆက် ဘယ်နဆက်မြောက်လဲ
ခမည်းတော်အမည်က ဘာလဲ
ဘယ်နခုနှစ်မှာ နန်းတက်သလဲ

စသည်ဖြင့် ကျက်ရမယ်ဟာတိုင်းကို
မေးခွန်းတွေအဖြစ်ပြောင်းပါ

Exam format အတိုင်းပြောင်းနိုင်လေလေ
ပိုကောင်းလေပါ

Flashcards used for Active Recall practice
အကြောင်းအရာကို မေးခွန်းအဖြစ်ပြောင်းပြီး စာလုပ်ကြည့်ပါ

(၃) စာအုပ်ကိုပိတ်လိုက်ပါ

Videoနဲ့ သင်နေတယ်ဆိုရင်လည်း video ကို pause ပါ

ပြီးရင်အစောက ရေးထားတဲ့ မေးခွန်းတွေကို
ဖြေကြည့်ပါ

ဒီလိုလုပ်ထားတာ
အကြောင်းအရာတွေကို တကယ်မှတ်မိသလား
တကယ်သင်ယူတတ်မြောက်သလား
တစ်ခါတည်း စစ်ဆေးရာရောက်ပါတယ်

ဒီအဆင့်ဟာ
ရေကူးနည်းကို Videoကို ကြည့်ပြီးတဲ့နောက်မှာ တကယ်လိုက်ကူးနေတာနဲ့တူပါတယ်

(၄) မှတ်ဉာဏ်ကို ပြန်ဆန်းစစ်ခြင်း

အခုလိုဖြေကြည့်တဲ့လိုက်အခါမှာ
မှန်တာတွေရှိတယ် မှားတာတွေရှိမယ်
ဒါကို သေချာ စစ်ဆေးဖို့လိုပါတယ်

ကျနော် ဆယ်တန်းတုန်းက
Bio ကို ကျက်ပြီးရင် မင်အပြာနဲ့
ချရေးလေ့ရှိပါတယ်

ပြီးရင် ချရေးထားတာကို
မင်နီနဲ့ ဝိုင်းပြီးပြန်စစ်ပါတယ်

နောက်တစ်ခေါက်စာကျက်ရင်
အနီနဲ့ ဝိုင်းထားတဲ့စာကိုပြန်ကျက်ပါတယ်

ပြီးရင် အပြာနဲ့ပြန်ရေး
အနီနဲ့ ပြန်စစ် အဲ့လိုပြန်ကျော့ပါတယ်

(၅) အဖြေတိုက်ခြင်း

အခုလို မင်ပြာတစ်လှည့် မင်နီစစ်တာဟာ
ကိုယ်ဘယ်နားမှာ မှားနေသလဲ
ဘာတွေကို ပြင်ဖို့လိုအပ်သလဲကို
အထင်းသားမြင်စေပါတယ်

နောက်တစ်ခုတွက်ပုစ္ဆာတွေဆိုရင်လည်း
မျက်စိနဲ့ကြည့်ပြီးနားလည်နေတာထက်
ချတွက်တာဟာ

Exam မှာ တကယ်ဖြေတဲ့အခါ
အချိန်လောက်မလောက်တွေပါ
လေ့ကျင့်ပြီးသားဖြစ်ပါတယ်

Student practicing active learning and recall while studying
Whiteboard ပေါ်မှာလည်း စာတွေချရေးပြီး ကျက်ကြည့်ပါ

ဒါဟာ Active Recall စာလုပ်နည်းပါပဲ

ဒါပေမယ့် ပြဿနာ တစ်ခုကျန်ပါသေးတယ်
အခုစာလုပ်နည်းဟာ
ကျက်တူရွေးနှုတ်တိုက်ကျက်နည်းတွေထက်
စာပိုရပေမယ့်
စာမေ့တတ်တဲ့ ပြဿနာက ကျန်ရှိနေပါသေးတယ်


လေး ငါးပုဒ် အတွက်အဆင်ပြေမယ့် အပုဒ်တွေများလာရင်
စာတွေရောပြီးမေ့တတ်ပါတယ်
အဲ့ဒီအတွက် Spaced Repetition ဆိုတာရှိပါသေးတယ်
အဲ့ဒါကိုတော့ နောက်အပတ်တွေမှာ တင်ပေးသွားပါမယ်

ဒါလေးက ကိုယ့်အတွက် အထောက်အကူပြုတယ်ဆိုရင်
သင့်သူငယ်ချင်းတွေဆိုရင်လည်း အများကြီး အကူအညီဖြစ်မှာ အသေအချာပါပဲ

သူတို့ကို Share ပေးချင်တယ်ဆိုရင်
အောက်က ဒီလင့်လေး လက်ကလေးနဲ့ ဖိ Copy ကူးပြီး
ဒီ blog လေးကို ပြန်ရှယ်လို့ရပါတယ်

Sharing is caring



💬 Comments

Anonymous comments allowed. Be kind. ❤️