Meta Learning · Post #00009

စာလုပ်ချိန်နည်းနည်းနဲ့ အမှတ်များများရစေမယ့်
စာလုပ်နည်း (၅) ခု

by Haru · 1% Better Every Day
Student studying effectively at a desk
စာပိုလုပ်တိုင်း အမှတ်ပိုကောင်းမယ်ဆိုတာ အမြဲမမှန်ပါဘူး

စာမေးပွဲမှာ အမှတ်ကောင်းကောင်းချင်ရချင်ရင်
ညလုံးပေါက် ဖင်ပူတဲ့ထိ စာကျက်ရမယ်၊
စာကြည့်ခန်းမှာပဲ စာကြမ်းပိုးလုပ်ရင်းအချိန်ကုန်ရမယ်လို့
ကျောင်းသားတော်တော်များများက ထင်နေကြတုန်းပါပဲ။

စာပိုလုပ်တိုင်း အမှတ်ပိုကောင်းမယ်ဆိုတာ အမြဲမမှန်ပါဘူး။
Business Term တွေနဲ့ တင်စားပြီးပြောရရင်
အောင်မြင်နေတဲ့ CEO တွေမှာ
အလုပ်ချိန်ပိုနည်းပေမယ့်
ရလဒ် ၁၀ ဆ ပိုထွက်တဲ့ နည်းလမ်းတွေရှိပါတယ်။

အဲ့ဒီလိုမျိုးပါပဲ ကျောင်းသားတွေမှာလည်း
နည်းနည်းပဲလုပ်ပေမယ့် အများကြီး ထိရောက်မယ့်
စာလုပ်နည်းတွေရှိပါတယ်။
အဲ့ဒီထဲက (၅) ခုကို ဒီ POST မှာ ဝေမျှပေးလိုက်ပါတယ်။

(၁) High ROI Strategy (အချိန်ရဲ့ တန်ဖိုးကို တွက်ပါ)

CEO တွေက သူတို့ရဲ့ အချိန်ကို
(ROI - Return on Investment)နဲ့ တိုင်းတာကြပါတယ်
ကိုယ်ပေးလိုက်တဲ့
ကိုယ်ရင်းနှီးမြှုပ်နှံလိုက်တဲ့ အချိန် ၊ ငွေ ၊ ခွန်းအား အပေါ်မှာ
အမြတ်အစွန်းဘယ်လောက်ရသလဲဆိုတာကို
ROI လို့ခေါ်ပါတယ်

ကျောင်းသားတစ်ယောက်အနေနဲ့လည်း
ကိုယ်သုံးလိုက်တဲ့ စာလုပ်ချိန်ဟာ
တကယ်ရော ROI များရဲ့လား ပြန်မေးဖို့ လိုပါတယ်။

ဒီလိုနည်းလမ်းပုံစံမျိုးတွေနဲ့ ROI ကို တွက်ချက်နေဖို့လိုပါတယ်။

Flashcards and active recall study method
ROI များတဲ့ စာလုပ်နည်းတွေကို ရွေးသုံးပါ

(၂) Automate First (စက်ကိုခိုင်းစားလို့ရသလား တွေးကြည့်ပါ)

ခေါင်းစိုက်ပြီး
မရမက စာကျက်ဖို့ မကြိုးစားခင်မှာ
ကိုယ့်ကိုယ်ကို အရင်မေးကြည့်ပါ။
“ဒါကို Internet Learning နဲ့ သို့မဟုတ် AI နဲ့
အလွယ်တကူ လေ့လာလို့ရနိုင်မလား?”

Learning from YouTube and online resources
Internet learning က တချို့ topic တွေကို ပိုမြန်မြန်နားလည်စေပါတယ်

Lecture notes တွေကို AI ကို UPLOAD ပြီး Flashcards ပြောင်းခိုင်းတာ၊
Practice quiz တွေ ထုတ်ခိုင်းတာမျိုး လုပ်ပါ။

(၃) Student Flow (Deep Work)

တချို့ကျောင်းသားတွေ တစ်ပတ်လုံး စာလုပ်နေတာတောင်
ပိတ်ရက်မှာ ၂ ရက်ပဲ စာလုပ်တဲ့ ကျောင်းသားကို မကျော်နိုင်ဘူး။
စာလုပ်ချိန်များပြီး စာရတာနည်းတယ်ဆိုရင်
အဲ့ဒါဟာ “Focus” အာရုံစူးစိုက်မှုနဲ့ဆိုင်ပါလိမ့်မယ်

စာလုပ်မယ်ဆိုပြီး ထိုင်လိုက်တယ်။
ပြီးရင် TikTok ကို ၁၀ မိနစ် တစ်ခါ ဝင်ကြည့်တယ်။
ကိုယ့်ဆီဝင်လာတဲ့ Messages တွေကို ညလုံးပေါက်ထိုင် reply ပြန်နေတယ်။
အခက်ဆုံး စာတွေမလုပ်ရသေးခင်မှာတင်
သင့်ရဲ့ ဦးနှောက်က (Cognitive battery) ဘက်ထရီကုန်နေပါပြီ။

Student focused deeply on study
အာရုံစူးစိုက်ပြီး စာလုပ်ပါ

💡 ဒီလိုလုပ်ကြည့်
ဖုန်းကို တခြားအခန်းမှာထားခဲ့ပြီး
၂ နာရီ တိတိ စာမှာ အာရုံစူးစိုက်ပါ။

အနှောင့်အယှက်မရှိဘဲ သေချာစာလုပ်တဲ့ ၂ နာရီဟာ၊
ဟိုကြည့်ဒီကြည့်နဲ့ ၈ နာရီ စာလုပ်တာထက်
အမြဲတမ်း သာပါတယ်။

(၄) 80/20 Rule ကိုသုံးပြီး အရေးကြီးတာကို ဦးစားပေးပါ

စာအုပ်ထဲက စာမျက်နှာတိုင်းဟာ စာမေးပွဲမှာ
အမှတ်ပေးတာချင်း မတူပါဘူး။

တချို့စာက ၁နာရီကြည့်တာနဲ့ ၁၀မှတ်ဖိုးရပြီး
တချို့စာက ၂နာရီလောက်အချိန်ပေးတာတောင် ၁ မှတ်မတန်ပါဘူး။

ဒါကြောင့် အရာအားလုံးကို
အကုန်လိုက်လုပ်နေဖို့ အချိန်မရှိတဲ့အခါ
80/20 Rule ကို သုံးရပါမယ်။

80/20 Rule in Exams
စာမေးပွဲရဲ့ အမှတ် ၈၀ ဖိုးက တကယ်အရေးကြီးတဲ့ ၂၀% သော စာတွေကနေ လာတာပါ

ပုံမှန်အားဖြင့် အမှတ် ၁၀၀ ဖိုးမေးမယ့် စာမေးပွဲတစ်ခုကို
အကြမ်းဖျဉ်းခွဲခြမ်းစိတ်ဖြာကြည့်ရင် —

ဒါကြောင့် အောင်မှတ်တောင် မပိုင်သေးတဲ့အချိန်မှာ
ဂုဏ်ထူးမှတ်တန် ပုစ္ဆာတွေကြည့်ပြီး အချိန်ကုန်နေမယ့်အစား

အဓိကအမှတ် ၈၀ ဖိုးရစေမယ့် "တကယ်အရေးကြီးတဲ့ ၂၀%" ကို
အရင်ဆုံး ပိုင်အောင် လုပ်ရပါမယ်။

တကယ်အရေးကြီးတဲ့ ၂၀% မှာ ဘာတွေပါလဲ?
• သိကို သိရမယ့် အခြေခံ Concept တွေ
• မေးလို့ကောင်းတဲ့ (မလွယ်မခက်) မေးခွန်းတွေ
• အရေးကြီးတဲ့ Law တွေ၊ Theory တွေ
• နာမည်ကြီး ပုစ္ဆာတွေ
• ဆရာ/ဆရာမက သေချာကြည့်ထားလို့ မှာထားတာတွေ ပါဝင်တယ်။

ဒါကြောင့် အမှတ်နည်းတဲ့ ခေါင်းစဉ်လေးတွေ၊
သိပ်မရေးကြီးတဲ့ အပိုင်းတွေကို
အချိန်အများကြီး ပေးပြီး
အသေးစိတ် စာထိုင်ကျက်နေမယ့်အစား...

တကယ် အမှတ်များများရနိုင်မယ့်၊
အရေးကြီးတဲ့အပိုင်းတွေကို
Prioritize လုပ်ပြီး(အဓိကထားပြီး) စာအရင်လုပ်ဖို့က အသက်ပါပဲ။

အပေါ်က ကျနော်ပြောခဲ့တာကို မျက်စိရှုပ်နေရင်
အောက် Video လေးမှာ သေချာလေးနားထောင်လို့ရပါတယ်

(၅) ကိုယ်နဲ့ ကိုက်ညီတဲ့ စာလုပ်နည်းကိုရှာပါ

နောက်ဆုံးတစ်ချက်ကတော့ ကိုယ်နဲ့ အကိုက်ညီဆုံး၊ (Burnout မဖြစ်စေမယ့်)
Zone of Brilliance (အကောင်းဆုံး အလုပ်လုပ်နိုင်တဲ့ပုံစံ)ကို ရှာဖွေဖို့ပါ။

သူများတွေက စာအုပ်ကြီးထိုင်အော်ဖတ်မှ
စာရတယ်ဆိုပေမယ့်

ကိုယ်က Visual Learner ဆိုရင်
စိတ်ကူးထဲမှာ ပုံဖော်လို့ရမှ နားလည်တယ်ဆိုရင်
Mind map တွေဆွဲတာ၊
Youtube Video တွေကြည့်တာကို ပြောင်းလုပ်ပါ။

Visual notes for visual learners
ကိုယ်နဲ့ကိုက်ညီတဲ့ learning style ကို ရှာသုံးတာက အရေးကြီးပါတယ်

အဖွဲ့လိုက် ဆွေးနွေးရတာကို သဘောကျရင်
အခန်းထဲမှာ တစ်ယောက်တည်း အောင်းမနေဘဲ
Study group တွေနဲ့ စာလုပ်ပါ။

ကိုယ့်ကို ပင်ပန်းစေတဲ့ စာလုပ်နည်းတွေကို စွန့်လွှတ်ပြီး
ကိုယ်နဲ့ အကိုက်ဆုံးနည်းလမ်းကို ရွေးချယ်ပါ။


ကျောင်းသားဘဝဆိုတာ တစ်ခါပဲ ရှိတာပါ။
ခေတ်မမီတော့တဲ့၊ အချိန်ကုန် လူပင်ပန်းဖြစ်စေမယ့် စာလုပ်နည်းတွေနဲ့
ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို မဖြုန်းမိပါစေနဲ့။


ဒါလေးက ကိုယ့်အတွက် အထောက်အကူပြုတယ်ဆိုရင်
သင့်သူငယ်ချင်းတွေဆိုရင်လည်း အများကြီး အကူအညီဖြစ်မှာ
အသေအချာပါပဲ

သူတို့ကို Share ပေးချင်တယ်ဆိုရင်
အောက်က ဒီလင့်လေး လက်ကလေးနဲ့ ဖိ Copy ကူးပြီး
ဒီ blog လေးကို ပြန်ရှယ်လို့ရပါတယ်
Sharing is caring

Haru
1% Better Every Day



💬 Comments

Anonymous comments allowed. Be kind. ❤️