Exam Tips · Post #00008

ခဲလေသမျှ သဲရေကျ မဖြစ်ရလေတဲ့ စာမေးပွဲဖြေဆိုနည်း

Student studying in a relaxed position
စာမေးပွဲမှာ အကောင်းဆုံး ရလဒ်ထွက်အောင် ဘယ်လိုဖြေဆိုရမလဲ

ရေကုန်ရေခမ်း ကြိုးစားအားထုတ်ခဲ့ပြီးမှ
မလုပ်သင့်တဲ့ အမှားတွေကြောင့်
စာမေးပွဲရောက်မှ ခဲလေသမျှသဲရေကျ
ရတာမျိုးတော့ သင်ကြုံချင်မှာမဟုတ်ပါဘူး ။

ဒါကြောင့် ဖြေဆိုတဲ့စာမေးပွဲတိုင်းမှာ
အမှတ်များများနှင့် အကောင်းဆုံး ဖြေဆိုချင်ရင်တော့
အခုဖော်ပြတဲ့အချက် (၅) ချက်ကို လိုက်နာသင့်ပါတယ် ။

(၁) စိတ်အခြေအနေ

စာမေးပွဲဖြေတာဟာ တိုက်ပွဲတပွဲဆိုရင်
သင့်မှာရှိတဲ့ လက်နက်၊ ကျည်ဆံတွေထက် ပိုအရေးကြီးတာက
သင့်စိတ်အခြေအနေပါပဲ ။

စိတ်တုန်တုန်ချနေရင် ဘယ်လိုမှနိုင်အောင် မတိုက်နိုင်ပါဘူး ။

ဒါကြောင့် စာမေးပွဲဖြေဆိုနေတဲ့ မိနစ်တိုင်းမှာ
ကိုယ့်စိတ်အခြေအနေကို ယုံကြည်မှုအပြည့် ဖြစ်နေအောင်
တည်ဆောက်ထားရပါမယ်။ အဲ့ဒီလိုဖြစ်အောင် ဘယ်လိုလုပ်ရမလဲ
အောက်မှာ ဆက်ဖတ်ပေးပါ။

(၂) စာမေးပွဲဖြေနေတယ်လို့ သဘောမထားပါနဲ့

ဒီစာမေးပွဲက အရေးကြီးတယ်။
ဘဝကို အဆုံးအဖြတ်ပေးမှာမို့ လွဲချော်သွားလို့ မဖြစ်ဘူး စသည်ဖြင့်
တွေးလိုက်တဲ့ အခါမှာ များပြားလှစွာသော ဝန်ထုပ်ဝန်ပိုးတွေက
သင့် ခေါင်းပေါ်ကျလာပါတယ်။

Character overwhelmed by too many books
ခေါင်းထဲမှာ ဝန်ထုပ်ဝန်ပိုးတွေ များနေရင် ပိုပြီးအမှားလုပ်မိတတ်ပါတယ်

စိတ်လေးလံနေရင် ပိုတောင် အမှားလုပ်မိပါတယ်။
စာမေးပွဲမတိုင်ခင်ကတည်းက အကောင်းဆုံးကြိုးစားခဲ့တာပဲမို့
ဘာအတွက် ညာအတွက်ဆိုတဲ့ ဝန်ထုပ်တွေ
အကုန် ဖြုတ်ချခဲ့ပြီး ပေါ့ပေါ့ပါးပါးလေးပဲဖြေပါ။

အိမ်စာလုပ်နေတယ်လို့သဘောထားပြီး ဖြေပါ။
(ကျွန်တော်ကတော့ စိတ်ထဲမှာ သီချင်းဆိုပြီး ဖြေပါတယ်။)

Character with headphones singing happily
အိမ်စာလုပ်နေသလို ပေါ့ပေါ့ပါးပါးလေးပဲ ဖြေပါ

(၃) အပုဒ်ကျော်ဖြေပါ

State ကျောင်းထဲက အရိုးစွဲလာတဲ့ အကျင့်ကတော့
နံပါတ်(၁) ဖြေပြီးရင် နံပါတ်(၂) ၊ (၃) ၊ (၄) ၊ (၅)
နံပါတ်စဉ်အတိုင်းလေး လှလှပပ ဖြေဆိုချင်တာပါပဲ။

မဲမဲမြင်တိုင်း ရမ်းသန်းလျှောက်ပစ်နေတာထက်
Sniper လိုမျိုး တိတိကျကျ သေချာချိန်ပြီး
တခုဆို တခု head shot ထိဖို့ လုပ်ပါ ။
ကျည်ဆံဟာ အချိန်ပါပဲ ၊ ချွေတာပါ ။

ကိုယ် ၁၀၀% ဖြေနိုင်၊ တွက်နိုင်တာကိုပဲ ကျော်ခွဖြေဆိုပါ ။

Character having a bright idea while studying
ကိုယ်အသေအချာရတဲ့ အပုဒ်ကို အရင်ရွေးဖြေပါ

ဖြေလို့ရနိုင်ချေ ၈၀% နှင့် ၈၀% အောက် မသေချာတော့ဘူးဆိုရင်
အဲ့ဒီအပုဒ်ကို ယောင်လို့တောင် လှည့်မကြည့်ပါနဲ့။

(၄) Energy ချွေတာပါ

အပိုင်ရတာခြင်းအတူတူဆိုရင်တောင်
ခက်ခဲတာ၊ အချိန်ပိုပေးရတာ၊ ခေါင်းစားတာ၊ တအားတွက်ရတာတွေ
ဆို နောက်မှ ဖြေပါ။

Energy ကို အရမ်းသုံးလိုက်ရင်
စိတ်ရော၊ လူရော၊ ဦးနှောက်ရော မောသွားပြီး
နောက်မေးခွန်းတွေဖြေဖို့ Energy မကျန်ဘဲနေပါလိမ့်မယ်။

ခက်တာတွေကို အမြဲ နောက်ဆုံးမှ ဖြေပါ။
မလိုအပ်ရင် အပင်ပန်း မခံပါနဲ့ ။
စိတ်အခြေအနေကို ပေါ့ပေါ့ပါးပါးပဲ ဖြစ်နေပါစေ။

(၅) ဦးနှောက်ကြည်လင်နေပါစေ

ဦးနှောက်က သင့်ရဲ့ လက်နက်ပါပဲ။

စာမေးပွဲခန်းထဲမှာ energy အပြည့်နှင့် ဖြေဆိုနိုင်ဖို့ဆိုရင်
ဦးနှောက်ကြည်လင်နေဖို့ လိုအပ်ပါတယ်။
ဒါကြောင့် ဖြေမယ့်နေ့ မတိုင်ခင်မှာ အိပ်ရေး ၀၀ အိပ်ပါ။

အိပ်ရေးမဝ ခေါင်းမကြည်ရင်တော့
လက်နက်အပုတ်ကြီးနှင့် တိုက်ပွဲဝင်နေသလိုပါပဲ။

ပြီးတော့ မဖြေခင် မိနစ် ၃၀ အလိုဆိုရင် စာအုပ်ကို မထိပါနဲ့တော့။
စာပြန်ကြည့်ရင် ဦးနှောက်ပူလာပြီး Energy ဖြုန်းရာကျပါတယ်။

Graduated character sharing knowledge
သူများကို ကူညီဖို့ မမေ့ပါနဲ့

ဒါလေးက ကိုယ့်အတွက် အထောက်အကူပြုတယ်ဆိုရင်
သင့်သူငယ်ချင်းတွေဆိုရင်လည်း အများကြီး အကူအညီဖြစ်မှာ
အသေအချာပါပဲ

သူတို့ကို Share ပေးချင်တယ်ဆိုရင်
အောက်က ဒီလင့်လေး လက်ကလေးနဲ့ ဖိ Copy ကူးပြီး
ဒီ blog လေးကို ပြန်ရှယ်လို့ရပါတယ်

Sharing is caring



💬 Comments

Anonymous comments allowed. Be kind. ❤️