Life ကို ဘယ်လိုဖြတ်သန်းနေကြလဲ?
အသက် ၁၈ ဆို G12 အောင်သင့်တယ်
အသက် ၂၄ လောက်ဆို ဘွဲ့ရပြီးတော့
အသက် ၃၀ ဝန်းကျင်ဆိုရင်
တစ်လ သိန်း ၂၀ ကျော်
ရှာနိုင်သင့်နေပြီ
ဘယ်သူပြောတာလဲဆိုတော့
ဘယ်သူမှ မပြောပါဘူး
ဒီစံနှုန်းတွေဟာ
ကိုယ်နေနေတဲ့ ကိုယ့်ပတ်ဝန်းကျင်ကိုကြည့်ပြီး
ကျနော်တို့ကိုယ်ကို ကျနော်တို့
ချမှတ်ထားတဲ့ စံနှုန်းတွေပေါ့
ဘဝက တိုတိုလေး ဟုတ်တယ်ဟုတ်?
နေ့ရက်တိုင်း နေ့ရက်တိုင်းက အရေးပါတယ်
“တစ်ရက်စာ” အချိန် ဖြုန်းလိုက်မယ်ဆိုရင်
တစ်ရက် ကနေ တစ်လ၊ တစ်နှစ်ဖြစ်လာမယ်
ဒါဆို အသက်တွေသာ ကြီးလာပြီး
ဘယ်ခရီးမှ မရောက်တဲ့
“ကြီးပေါ” ကြီးဖြစ်လာမယ်
ဒါက ကျနော်တို့ကိုယ်ကို
ကျနော်တို့ ပြန်ပြောတဲ့စကားတွေ
အကယ်၍ ၂၄ မှ ဘွဲ့ရသင့်တာမဟုတ်ဘဲ
အသက် ၃၀ မှ ဘွဲ့ရသင့်တယ်လို့
သတ်မှတ်ကြရင်ကော
အဲ့လိုဆိုရင်လည်း
အချိန်တွေ ပိုနေသေးတယ်ဆိုပြီး
ဘဝကိုပေ့ါပေါ့ပါးပါး ဖြတ်သန်းနေမယ်
တကယ်တော့ ကျနော်တို့က
ကျနော်တို့တစ်တွေရဲ့ ဘဝကို
Timeline တစ်ခုသတ်မှတ်ပြီး
ဘယ်အချိန်မှာ ဘာပြီးရမယ်ဆိုပြီး
ဆွဲထားကြတာ
အဲ့ဒီလို ဆွဲဖို့အတွက်
ကိုယ့် အသက်အရွယ်မှာ
ပတ်ဝန်းကျင်လူတွေက ဘာဖြစ်နေပြီလဲကြည့်ပြီး
ဆုံးဖြတ်ကြတယ်
တကယ်တော့ အဲ့ဒါက Comparison
ကိုယ့်ဘဝနဲ့ သူများဘဝကို နှိုင်းယှဉ်ခြင်း
တစ်မျိုးပဲ ….
မရဘူးလားဆိုတော့ ရတယ်
ပြဿနာက သူများဘဝနဲ့ ကိုယ့်ဘဝနဲ့က
အမြဲတမ်း တစ်ထပ်တည်းကျ မနေတာပဲ
ဘဝရဲ့ ခံယူချက်တွေမတူဘူး
ဘဝရဲ့ ဖြတ်သန်းတာတွေချင်းမတူဘူး
ကျနော်တို့ရဲ့ ဘဝစာမျက်နှာတွေဟာ
တစ်ဦးနဲ့ တစ်ဦး တူနိုင်မှာမဟုတ်ဘူး
အဲ့ဒါကို Comparison တွေလုပ်ပြီး
Level up ဖြစ်လာရင်တော့
ပြဿနာ မရှိပေမယ့်
Comparison ရဲ့ negative effects ဖြစ်တဲ့
စိတ်အားငယ်တာတွေ
သိမ်ငယ်တာတွေ
ကြိုးစားချင်စိတ်မရှိတော့တာတွေကြောင့်
စိတ်ထွက်ပေါက်ရှာတဲ့ အနေနဲ့
Doomscrolling လုပ်၊ အိပ်လိုက်စားလိုက်နဲ့
ဘဝကို ရေသေ လို ဖြတ်သန်းတာမျိုးဆိုရင်တော့
ပြဿနာ အနည်းငယ်ရှိလာပြီ
ဘယ်အချိန်မှာ ဘာပြီးရမယ် ဆိုတဲ့ စံနှုန်းတွေမှ မရှိရင်
ဘဝက ဖြစ်ချင်တိုင်း ဖြစ်ပျက်နေမှာပေါ့
ဘဝကို ဘယ်လိုဖြတ်သန်းရမှာလဲ? လို့
မေးလာရင်
စံနှုန်းသတ်မှတ်ချက်တစ်ခုကတော့
ရှိသင့်တာပဲ
ဒါပေမယ့် အမြဲတမ်း
တစ်ချိန်လုံး Compare လုပ်မနေဘဲနဲ့
ကိုယ့်ဘဝကိုယ် ကိုယ့် ပေတံနဲ့ တိုင်းဖို့
အဲ့လို တိုင်းဖို့ အတွက်
ကိုယ့်ဘာသာကိုယ်ပေတံ တစ်ခု လုပ်ရမယ်
ဒါကို ဘဝရဲ့ အဓိပ္ပာယ် (Purpose) လို့ခေါ်တယ်
အဓိကကတော့ why ပေါ့လေ
ကိုယ့် အသက်ရှင်နေရတဲ့
ရည်ရွယ်ချက်
ကိုယ့်ရဲ့ ဘဝကြီး တစ်ခုလုံးကို
ရေသေလို ရပ်မနေဘဲနဲ့
မေးခွန်းထုတ်ခိုင်းတာ
“မနက်ဖြန် သေရတော့မယ်ဆိုရင်
ဒီနေ့ အထိနေခဲ့တဲ့ ကိုယ့်ဘဝကိုယ်
ကျေနပ်ရဲ့လား?
ဘာတွေကို ထပ်လုပ်ချင်လဲ?
ဘာတွေထပ်ဖြစ်ချင်လဲ?”
အဲ့ဒီကနေ ဘဝရဲ့ အဓိပ္ပာယ်ကို
ပြန်ရှာပြီး Goal တွေ ပြန်ချမှတ်တာ …
ဒီလိုမျိုး Purpose တွေကို ရှာဖို့အတွက်
Ikigai နည်းလမ်းကို သုံးလို့ရတယ်
Odyssey Plan ကို သုံးလို့ရတယ်
(ဒီနည်းလမ်းတွေကို အသေးစိတ်သိချင်ရင်
ကော့မန့် မန့်ခဲ့ပေးပါ သပ်သပ် ပြန်ရေးပေးပါမယ်)
Artist ဖြစ်ချင်တယ်၊ Engineer ဖြစ်ချင်တယ်၊ ဘာမှ မဖြစ်ချင်ဘူး
ဒီအတိုင်းပဲ
Slow living နဲ့ နေသွားချင်တယ် ဆိုရင်လည်း
အဲ့ဒီလို နေနိုင်ဖို့အတွက် လုံလောက်တဲ့
ငွေကြေးတစ်ခု
ရှာနိုင်အောင် ဘယ်လိုလုပ်ရမလဲ
ပြန်စဉ်းစားရတာပေါ့လေ
ဘဝတစ်ခုကို တည်ဆောက်တာက
အိမ်တစ်လုံးဆောက်ရသလိုပဲ
ပုံကြမ်း အရင်ဆွဲရတယ်
ပြီးတော့ တစ်ဆင့်ချင်း
အကောင်အထည်ဖော်ရတယ်
လူတော်တော်များများက တည်ဆောက်တဲ့ အဆင့်မှာပဲ အချိန်ကုန်ပြီးတော့
ပုံကြမ်းကြီး မှားနေတာ မသိရှာဘူး
ပြီးတော့မှ
ကိုယ်လိုချင်တဲ့ဘဝ ကိုယ်မရဘူးဆိုပြီး
ဖြစ်ကြရော …
တကယ်က ကိုယ့်ဘဝကို ဒီဇိုင်းချတာ
အကောင်အထည်ဖော်တာ
ဒါတွေကလည်း အရေးကြီးပါတယ်
သူများ ဒီဇိုင်း ယူသုံးရင်တော့
သူများ အိမ်အတိုင်းပဲ နေရမှာပါပဲ
Haru
1% Better Every Day
ဒါမျိုးထပ်ဖတ်ချင်သေးရင် ...
Comments
Anonymous comments allowed. Be kind.