Overthink ဖြစ်တယ်ဆိုတာ
အတွေးလွန်တဲ့ ပြဿနာမဟုတ်ဘူး
Overthink ဖြစ်တယ်ဆိုတာ
အတွေးလွန်တဲ့ ပြဿနာမဟုတ်ဘဲနဲ့
ကိုယ့်ကိုယ်ကို ယုံကြည်ချက်မရှိတာကြောင့်
ဖြစ်လာတာပါ
ဥပမာ - လမ်းလျောက်တယ်ဆိုပါစို့
ဘယ်ခြေကြွပြီးမှ ညာခြေချ
အနေအထား ဘယ်လောက်နဲ့
ခြေလမ်းလှမ်းစသည်ဖြင့်
(ကျန်းမာရေးကောင်းတယ်ဆို) ဘယ်သူမှ
တွက်ချက်မနေဘူး
ဒီအတိုင်း ဂွပ်ဂွပ်ဂွပ်ဆိုပြီး
လျောက်လိုက်တာပဲ
ဘာလို့လည်းဆိုတော့ ဒီလမ်းလျောက်တဲ့ကိစ္စမှာ
ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိတယ်လေ
အဲ့ဒီတော့ ဒီကိစ္စနဲ့ပတ်သတ်ပြီး
အတွေးလွန် အလွန်တွေးနေစရာမလိုဘူး
ဒါပေမဲ့
ကိုယ်ဟာ မလုပ်ဖူးတဲ့
အလုပ်တစ်ခုကို လုပ်ရတော့မယ့်အခါ
မရင်ဆိုင်ဖူးတဲ့ အခက်အခဲမျိုးကို ကြုံရတဲ့အခါ
အရင်က “ကိုယ်” မဟုတ်တော့ဘဲ
အပြုအမူအသစ်၊
စိတ်ဓာတ်အသစ်တွေနဲ့
ပြောင်းလဲပစ်ရမယ့် အရာတွေကို
လုပ်ရတော့မယ့်
ဒီအရာကို လုပ်မှလုပ်နိုင်ပါ့မလား?
အဆင်ပြေမှ ပြေပ့ါမလား?
ဖြေရှင်းနိုင်ပါ့မလား?
မှားသွားရင်ကော? ဆိုတဲ့
အတွေးတွေဝင်လာတယ်
အဲ့ဒီတော့ ဖြစ်နိုင်တဲ့အမှားပေါင်း ၁၀၀ ကို
တွက်ဆပြီး အဖြေ ၁၀၀ ကို ရှာတော့တာပဲ
အဲ့ဒီလို overthinking ဖြစ်နေရင်
အကောင်းဆုံးအဖြေကတော့
စာအုပ်ထဲ ချရေးတာပါပဲ
ပြဿနာကို အဖြေရှာဖို့
စာရွက်ပေါ် ချရေးချင်းအားဖြင့်
တဝက်လောက်က
ရှင်းပြီးသားဖြစ်သွားမယ်လို့လည်း
Kidlin’s Law မှာ ပြောထားတာရှိတယ်
အဓိကကတော့
ခေါင်းထဲမှာ ရှုပ်နေတဲ့ အရှူပ်ထုပ်ကြီးကို
စာရွက်ပေါ် ပစ်တင်လိုက်တာပေါ့လေ
အဲ့ဒါဆို မမြင်ရတဲ့ ပြဿနာဟာ
မြင်နိုင်တဲ့ စာရွက်ပေါ်က
အကြောင်းအရာတွေဖြစ်လာပြီး
ပြဿနာအတွက်စဉ်းစားရတာ
အများကြီးလွယ်သွားပါမယ်
တကယ်တမ်း
ပြဿနာရဲ့ အတိုင်းအဆက
ကိုယ့်စိတ်ထဲမှာသာ အရမ်းကြီးနေတာပါ
တကယ် အပြင်မှာက အဲ့လောက်မဟုတ်ပါဘူး
လွန်ခဲ့တဲ့ တစ်နှစ်ကို မှတ်မိမှာပေါ့
အဲ့ဒီတုန်းကလည်း အခုလို
အရမ်းခက်ခဲတဲ့ ပြဿနာကို
ရင်ဆိုင်ခဲ့ရမှာပါ
ကမ္ဘာ့ အဆုံးသတ်တစ်ခုရောက်သွားသလို
ခံစားခဲ့ရမှာပေါ့ ဒါပေမဲ့လည်း
အချိန်တန်တော့ ပြီးသွားတာပါပဲ
သင်ဖြေရှင်းနိုင်ခဲ့တာပါပဲ
ရင်ဆိုင်နိုင်ခဲ့တာပါပဲ
သင်ဘာလုပ်ရမလဲ သင်သိတယ်
သင့်မှာ အဖြေရှိတယ်
သင်က confident ပျောက်နေတာ
အဲ့ဒါကြောင့် စိတ်လျော့ကြည့်ပါ
ပူနေလို့လည်း ဘာမှ မထူးပါဘူး
Relax Chill လုပ်ပြီး
ပြဿနာကို ရဲရဲရင်ဆိုင်ကြည့်ပေါ့
အချိန် တန်တော့လည်းပြီးသွားမှာပါ
Haru
1% Better Every Day
ဒါမျိုးထပ်ဖတ်ချင်သေးရင် ...
Comments
Anonymous comments allowed. Be kind.